နဉ်ဝမ်ရှုက သူ့အဖေရဲ့အဝတ်ကို ဆွဲကိုင်ထားချင်ပေမယ့် ဝမ်မားက သူ့ကို ကြောက်စရာမျက်လုံးနဲ့ တစ်ချက်ဝေ့ကြည့်လိုက်တာကြောင့် ကြောက်လန့်ပြီး ခန္ဓာကိုယ်တောင့်သွားကာ ကျောက်ရှင်းဖန်းအား သူ့ကို ဖက်ခွင့်ပေးလိုက်သည်။
ကျောက်ရှင်းဖန်းက ကြင်နာခြင်းနဲ့ စိတ်ရှည်ခြင်းဆိုတဲ့ သူမရဲ့သဘောထား ပေါ်လွင်စေရန် နူးညံ့စွာနဲ့ တိုးတိုးလေး ပြောလိုက်တယ်။
" ဒါက သားလေးကြိုက်တဲ့ ကန်စွန်းဥခရမ်းရောင် ဆန်ပြုတ်လေ အရမ်းချိုပြီး အနံ့လေးကလည်း မွှေးကြိုင်နေတာပဲ "
တကယ်လို့ ကျူးယွင်ရှန့်သာ သူမရဲ့ ပုံစံအမှန်ကို မသိထားရင် သူလည်း သူမရဲ့ လှည့်စားမှုအောက်မှာ လည်စင်းပေးရမှာ။နဉ်စင်နျန် နဲ့ ကျောက်ရှင်းဖန်းက မိဘမဲ့ဂေဟာမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်တယ်။ သူမက စေတနာဝန်ထမ်းတစ်ဦး ဖြစ်ပြီး အပတ်တိုင်း အပတ်တိုင်း ကလေးတွေကို ဂရုစိုက်ဖို့ လာလေ့ရှိသည်။ သူမ ကလေးတွေကို ထောက်ထားညှာတာပြီး ကြင်နာသနားစွာ စိတ်ရှည်လက်ရှည်နဲ့ ပြုစုစောင့်ရှောက်နေတာကို နဉ်စစ်နျန် မြင်သွားခဲ့တယ်။ အဲဒါက သူမကို လက်ထပ်ယူဖို့ အကြံဥာဏ်ကို ရစေခဲ့တယ်။ အခုတော့ သူက ကျောက်ရှင်းဖန်းရဲ့ ဟန်ဆောင် ဂရုစိုက်မှုကို ကျေနပ်အားရနေပြီး တင်းမာနေတဲ့မျက်နှာက တဖြည်းဖြည်း နွေးထွေးလာခဲ့သည်။
ကျူးယွင်ရှန့်က ဘယ်နေရာကိုမှ မကြည့်ဘဲ ပန်းကန်ပြားကိုပဲ စိုက်ကြည့်ကာ ထမင်းစားနေလိုက်သည်။
ဝမ်မားက ဟင်းသီးဟင်းရွက်တွေနဲ့ မီးဖိုချောင်ကို ရှင်းလင်းပြီတော့ သူမရဲ့လက်တွေကို သုတ်ပြီး ရယ်မောရင်းနဲ့ ပြောလိုက်သည်။
" မဒမ် ကလေးကို ကျွန်မ ကျွေးလိုက်မယ် မဒမ်ကြည့်ရတာ ဒီနေ့ပင်ပန်းနေသလိုပဲ "နဉ်ဝမ်ရှုရဲ့မျက်နှာက ဖျော့တော့သွားပေမယ့် ဝမ်မားကြောင့် ကန့်ကွက် မငြင်းပယ်ရဲဘူး။ မခုခံရဲလို့ တိတ်တဆိတ်မျက်ရည်ကျလာပြီး သူ့ရဲ့လျှာကို ကိုက်ထားလိုက်သည်။ ဝမ်မားက စိုးရိမ်ပူပန်သလို ဟန်ဆောင်ပြီး
" အို... ဘာဖြစ်လို့လဲ ခဏက အကောင်းကြီးပါ ဘာလို့ မျက်စိတမှိတ်အတွင်းမှာ ငိုနေရတာလဲ။ ကလေးက အစာစားဖို့ ငြင်းတယ် အိပ်ဖို့တောင် ငြင်းဆန်နေတာ။ အကြောင်းပြချက်မရှိပဲ ငိုပြီးရင်း ငိုနေတယ်။ ဒါက တကယ့်ကိုစိုးရိမ်စရာပဲ။ သနားစရာကောင်းလိုက်တာ။ ဘာတွေများ ဖြစ်နေတာလဲ ....."

YOU ARE READING
ဗီလိန္မာယာ / ဗီလိန်မာယာ ( Arc 2 )
Teen FictionOriginal Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations Genre - Adventure, Fantasy, Dimension traveller, Romance,BL Status - 193 chapters + extras 15 arcs + epilogue arc က်ိဴ...