Part 9 ( 2.9 )

3.5K 427 10
                                    

Translator - invisible clover

ကော်ဖီခွက်က ဌာနမှူးမျက်နှာဘေးကဖြတ်သွားပြီး ရုံးခန်းတံခါးဆီရောက်သွားသည်။ ကျယ်လောင်သည့် အသံနှင့်အတူ ကြွေခွက်ကတစစီကွဲကြေသွားသည်။ ဌာနမှူးမှာတောင့်ခဲသွားပြီး ခဏကြာမှ နဖူးပေါ်ကချွေးစေးကိုသုတ်ကာ တုန်တုန်ရင်ရင်နဲ့မေးလိုက်သည်။ ''Boss ကျွန်တော်တင်ပြတာက ပြသာနာရှိလို့လားခင်ဗျ'' ပြဿနာရှိရင်တောင် အခုလောက်ထိလုပ်ဖို့တော့ မလိုဘူး မဟုတ်လား။ မသိရင် သူ့မိသားစုဝင်တစ်ယောက်အသတ်ခံလိုက်ရသလိုပဲ။

နဉ်စစ် ကွန်ပြူတာစခရင်ကိုကြည့်ရင်း သူမျက်နှာကခက်ထန်နေသလို ရင်ဘတ်ကလည်းနိမ့်ချည်မြင့်ချည်နဲ့ ဒေါသအကြီးအကျယ်ထွက်နေသည်။

သူ ဌာနမှူးကိုအေးစက်စက်ကြည့်ပြီး လက်ဝေ့ရမ်းပြလိုက်သည်။ ဌာနမှူးလည်း ဖနောင့်နဲ့တင်ပါးတစ်သားထဲဖြစ်အောင်ပြေးတော့သည်။

ကွန်ပြူတာဖန်သားပြင်မှာတော့ ကောင်လေးဟာ သွားတိုက်နေသည်။ ဒါငါးကြိမ်မြောက်ဖြစ်မည်။ အမြှုပ်ထဲတွင် သွေးစများပင်မြင်နေရသည်။ နဉ်စစ်နျန်ခံတွင်းထဲတွင်လည်း သွေးအရသာကိုခံစားနေရပြီး ကျောက်ရှင်းဖန်း နဲ့ ကွာရှင်းဖို့ လုံးဝမစောင့်နိုင်တော့ပေ။

ဒါပေမယ့် အခုက အချိန်မကျသေး။ သူ ချန်ယွိကိုထောင်ချောက်ဆင်ရအုန်းမည်။ အခုချင်းယွိက သူ့အိမ်သွားရာလမ်းမှာရောက်နေပြီ။ ကျောက်ကျွင့်ကိုခေါ်ပြီး ကောင်လေးကိုရပ်ခိုင်းဖို့ရှိသေး ဖိနပ်ကြီးကြီးကိုဝတ်ပြီး ကောင်လေးနားကို လျှောက်လာသည့် သူ့သားလေးကိုမြင်လိုက်ရသည်။

"ဦးငယ် သားတို့ပုံဆွဲလို့ရတယ်မဟုတ်လား'' သူက ကောင်လေးရဲ့ ဘောင်းဘီကိုဆွဲလိုက်သည်။

ကောင်လေးက စိတ်ထဲလုံးဝနေလို့မကောင်းပေမယ့်လည်း သူ့စိတ်အခြေအနေကို သူ အမြန်ပြန်ထိန်းကာ နောက်ဆုံးအမြှုပ်တွေကိုထွေးထုတ်ပြီး ပလုတ်ကျင်းလိုက်သည်။ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး သူ့သားလေးကို စတူဒီယိုထဲခေါ်သွားလိုက်သည်။ အခန်းထဲရောက်တော့ စိတ်လွင့်နေပြီး သူ့စုတ်တံက ကင်းဘတ်စနှင့်ပင်မထိပေ။

ဗီလိန္မာယာ / ဗီလိန်မာယာ ( Arc 2 )Where stories live. Discover now