Part 4 ( 2.4 )

3.3K 435 5
                                    

နဉ်စစ်နျန်သည် အိမ်ကနေ အလုပ်သွားဖို့ ထွက်လာပေမယ့် တကယ်တော့ သူက ကုမ္ပဏီကို မသွားခဲ့ပါဘူး။ အိမ်နဲ့အနီးဆုံးဖြစ်တဲ့ မြေအောက်ကားပါကင်တွင် ပုန်းနေပြီး နားမှာလည်း သူ့အိမ်ကို စောင့်ကြည့်ဖို့ အသံနားထောင်တဲ့နားကြပ်ကို တပ်ထားသည်။ ကျောက်ကျွင့်သည် မော်နီတာကို စောင့်ကြည့်ဖို့ အိမ်မှာကျန်နေခဲ့ပြီး ဝေ့ရှီရန်က ဝမ်ရှုကို တစ်ခုခုလုပ်တာနဲ့ ချက်ချင်း အပြေးအလွှား ကယ်တင်ပေးမှာဖြစ်သည်။ ပြီးရင် သမုဒ္ဒရာတစ်ဘက်မှာရှိနေတဲ့ 'နဉ်'အမေဆီ ဗီဒီယိုကို ပို့မှာဖြစ်သည်။

အသံနားထောင်တဲ့နားကြပ်ကို တပ်ဆင်ထားတဲ့ နဉ်စစ်နျန်က အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။ သူ့သားရဲ့ ကြောက်လန့်နေတဲ့ပုံရိပ်က သူ့ရဲ့စိတ်အာရုံထဲမှာ အလေးအနက် စွဲထင်အမှတ်ရနေသည်။ ကြောက်လန့်နေပြီး ဒဏ်ရာတွေလည်း ခံစားရသည်။ နဉ်စစ်နျန်သည် မိုက်ခွက်ပါနားကြပ်အပေါ် စိတ်အာရုံကို စူးစိုက်ထားလိုက်ပြီး တစ်ခုခုပုံမှန်မဟုတ်ဘူးလို့ ခံစားရတာနဲ့ ကားစက်နိုးဖို့ အသင့်ပြင်ထားလိုက်သည်။

စောင့်ကြည့်ကိရိယာက သူ့သားရဲ့လော့ကက်သီးထဲမှာ ရှိနေတာကြောင့် အသံတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားကြားရသည်။ ဝမ်မားက သူ့သားကို ဆူဆူညံ့ညံ့မဟုတ်ဖို့ ပြောနေသံကြားလိုက်သည်။ ဒါပေမယ့် လေသံကတော့ မာမာထန်ထန်ဖြစ်နေသည်။ ဝမ်ရှုက လုံးဝအသံမထွက်တာမို့ အကြာကြီးတိတ်ဆိတ်နေခဲ့သည်။

နဉ်စစ်သည် နေမထိထိုင်မထိဖြစ်နေပြီး စတီယာတိုင်ကို ကိုင်ရင်း မလှုပ်မယှက်ထိုင်နေခဲ့သည်။ သူသည် အဲအနေအထားအတိုင်း နေ့လည် တစ်နာရီ နှစ်နာရီအထိ ထိုင်နေခဲ့သည်။ ကျောက်တုံးအဖြစ် ပြောင်းလဲခါနီးမှာ ရှင်းလင်းပြတ်သားတဲ့အသံ ထွက်လာခဲ့သည်။ " မလုပ်နဲ့ အဲဒါတွေနဲ့ မဆော့ရဘူး "

အဲဒါက ဝေ့ရှီရန်ရဲ့ ပြိုင်ဘက်ကင်း အနိမ့်အမြင့်မရှိတဲ့အသံပဲ။ နဉ်စစ်နျန်သည် ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး နောက်ကွယ်ကအဖြစ်အပျက်ကို ခွဲခြားသိနိုင်ဖို့ ကြိုးစားလိုက်သည်။ မုန်းတီးမှု တစ်စွန်းတစ်စရှိနေလို့ မဟုတ်ဘဲ သူ့ဦးနှောက်က အလိုအလျောက် တုန့်ပြန့်ပြီး သူ့လက်တွေက ကားစက်နိုးတဲ့ခလုတ်ပေါ်ရှိနေကာ အင်ဂျင် စ,နိုးဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။

ဗီလိန္မာယာ / ဗီလိန်မာယာ ( Arc 2 )Where stories live. Discover now