Part-9

5.7K 319 5
                                    

(Unicode)

"Vampire's Limited Edition"

Part-9

တိတ်ဆိတ်မှောင်မိုက်နေတဲ့မြေအောက်ခန်းထဲ သံကြိုးသံတချွင်ချွင်ကကျယ်လောင်စွာမြည်နေလေရဲ့။

ဂနာမငြိမ်တဲ့မျက်၀န်းတွေနဲ့အကြောက်အကန်သံကြိုးတွေကြားရုန်းကန်နေသူက King!

ထိုစဉ်

"ကျွီ"

သံကြိုးသံတချွင်ချွင်ကြားတံခါးပွင့်သံကျွီခနဲကြားလိုက်ရ၍Kingအသံလာရာလှည့်ကြည့်မိတော့ဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်ကာstyleကျကျသူ့ဆီလျှောက်လာတဲ့လူ။

Kingအထူးတလည်စဉ်းစားစရာပင်မလို။
သူသွားထိမိတဲ့လူကVရဲ့လူဖြစ်နေသည်ကိုး။ဒါကြောင့်ဘယ်သူဆိုတာမှန်းစရာလိုတော့မည်မထင်။

"အဟွန်း.....King!ဘာတွေလောနေလဲဗျ....အေးဆေးပေါ့....ဟုတ်တယ်မလား"

"V....မင်း..."

"ဟော်....ဘာတွေဒီလောက်ကြောက်နေတာလဲ...ငါဘာမှမလုပ်ရသေးဘူးလေ....စိတ်လျှော့ပါဖြည်းဖြည်းပေါ့"

"မင်းဘာလိုချင်တာလဲV"

"ငါလိုချင်တာအကုန်ပေးမှာပေါ့....ဟုတ်လား"

"အေး"

"မင်းအသက်ဆိုရင်ရော?....အဟွန်း"

"ဘာ!"

"Oh!အရမ်းလန့်သွားတာလား...မရည်ရွယ်ပါဘူးကွာ..... Lessonပါးပါးလေးပြန်ပေးယုံပါပဲ....မင်းခံစားကြည့်လေ....မေ့ဆေးအုပ်ထားပေမယ့်16နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုလက်ကောက်၀တ်နဲ့ခြေချင်း၀တ်တွေမှာသံကြိုးနဲ့ချည်ထားတာဘယ်လောက်ကြောက်နေရှာမလဲဆိုတာ"

"...."

"မဆိုင်တဲ့ကလေးတစ်ယောက်ကိုငါတို့ပြဿနာကြားဆွဲထည့်ခဲ့တဲ့မင်းကိုဘယ်လိုဒဏ်ခတ်သင့်လဲ....ဟမ်!"

Kingအံကိုကြိတ်ကာမျက်စိစုံမှိတ်ပစ်ရင်းဖြစ်လာသမျှခါးစည်းခံဖို့သာစိတ်ကိုလျှော့ချမိသည်။

"ငါပိုင်တဲ့အရာကိုလာထိမိတဲ့မင်းကိုကမှားတာပဲKing!ငါ့ကိစ္စငါနဲ့ပဲရှင်းသင့်တယ်
You know!"

Vအနားကကြာပွတ်အနက်ရောင်တစ်ခုကိုလှမ်းယူကာ

"ဆိုတော့....မင်းအတွက်အပြစ်ဒဏ်က..."

Vampire's Limited EditionWhere stories live. Discover now