Part-13

5.1K 248 18
                                    

(Unicode)

"Vampire's Limited Edition"

Part-13

"ကလေးကိုအရမ်းအတင်းအကြပ်မဆက်ဆံပါနဲ့.....သူ့ကိုပျော်အောင်ထားပြီးသူကြုံခဲ့ရတာတွေကိုမေ့မေ့ပျောက်ပျောက်ဖြစ်အောင်လုပ်ပါ...ဆရာစိတ်ငြိမ်ဆေးနဲ့တခြားလိုတဲ့ဆေးတွေထည့်ပေးလိုက်မယ်...တစ်ပတ်တစ်ခါလောက်တော့ဆရာ၀န်နဲ့ပြန်ပြပေးပါ......အခြေအနေကတော့အရမ်းအဆိုးကြီးမဟုတ်ပါဘူး.....အိမ်ပြန်ခေါ်ရင်ခေါ်သွားလို့ရပါပြီ....ဆရာလဲတစ်ပတ်တစ်ခါလာကြည့်ပေးပါ့မယ်"

"ဟုတ်...ကျေးဇူးပါဆရာ"

"စကားပြန်ပြောနိုင်ဖို့တော့အချိန်ယူရအုံးမှာပေါ့....ပြန်ပြောနိုင်မှာပါ....အချိန်တော့လိုတာပေါ့...အရမ်းကြီးစိတ်ပူမနေပါနဲ့ကွာ"

"တော်ပါသေးရဲ့ဗျာ....ကျွန်တော်သူ့ကိုသေချာဂရုစိုက်ပါ့မယ်"

"ကောင်းပါပြီ....ဒါဆိုလူနာကိုအိမ်ပြန်ခေါ်လို့ရပါပြီ...သူ့ကိုပျော်‌အောင်ထားဖို့တော့လိုမယ်နော်"

"ဟုတ်ကဲ့ဆရာ"

ကလေးရဲ့လုံခြုံရေးအတွက်Vဆေးရုံကနေအိမ်ကိုပြန်ခေါ်ဖို့ အိမ်မှာပဲဆက်ကုသဖို့ဆရာ၀န်ကြီးနဲ့ညှိနှိုင်းပြီးခွင့်ပြုချက်ယူခဲ့သည်။

ဆေးရုံဆင်းဖို့အားလုံးပြင်ဆင်ပြီးသည့်တိုင်သူ့ရဲ့မှဲ့နက်လေးကတော့အိပ်ပျော်နေဆဲ။

*အိပ်ရေး၀အောင်အိပ်လိုက်ပါဇွတ်ကျားလေး.......နိုးလာရင် မင်းအပေါ်မှားခဲ့တာတွေအတွက်ကိုယ်အကုန်ပြန်ပေးဆပ်ပြီးပျော်အောင်ထားပေးမှာမို့လို့ဒီထက်ပိုပြီးမကြောက်ပါနဲ့တော့ကလေးငယ်*
🌸🌸🌸

မဟူရာစံအိမ်ထဲအနက်ရောင်ကားတစ်စီး၀င်လာပြီးအိမ်ရှေ့ထိုးရပ်လိုက်တော့ကောင်လေးတစ်ယောက်ကိုပွေ့ကာ ကားပေါ်ကဆင်းလာတဲ့သူကV

ပစ္စည်းတွေလာသယ်ကာနေရာချပေးသောအိမ်အကူအဒေါ်ကြီးများနဲ့ကားပေါ်ကဆင်းကာပစ္စည်းတွေကူသယ်ပေးနေသောမင်းမာန်ကို Vတစ်ချက်ဝေ့ကြည့်ရင်း

"မင်းမာန်"

သူခေါ်လိုက်တော့မင်းမာန်ကမေးဆတ်ပြကာ'
ဘာလဲ'ဟူသည့်သဘော။

Vampire's Limited EditionWhere stories live. Discover now