Part-23

3.9K 217 11
                                    

(Unicode)

"Vampire's Limited Edition"

Part-23

မနက်ခင်းနေရောင်ခြည်တချို့ဖြာကျကာမျက်နှာနုနုထက်ကျရောက်လာတော့မျက်နှာလေးရှုံ့ကာအိပ်ရာထက်လူးလွန့်ညည်းညူရင်းနိုးထလာသောထိုလူသားလေးကား ရှိုင်းဆက်။

သူအပျင်းကြောတစ်ချက်ဆွဲဆန့်ကာ

"အင်း......ဝှါး....မိုးတောင်လင်းပြီ..."

သူ့ဘေးကိုကြည့်တော့Daddyကအိပ်မောကျနေဆဲ။

ရှိုင်း အရင်‌ဆုံးမျက်နှာသစ်ကာ သွားတိုက်ပြီး အောက်ထပ်ဆင်းကာ breakfastတစ်ခုခုပြင်ဆင်လိုက်သည်။

ထို့နောက်အပေါ်ပြန်တက်လာပြီးရေချိုးကာအ၀တ်အစားလဲပြီးသည့်တိုင်Daddyကတော့မနိုးသေး။

အချိန်အားဖြင့်လည်းမစောတော့တာကြောင့်
"Daddy....ထတော့လေ....8နာရီထိုးတော့မယ်....အလုပ်နောက်ကျနေမယ်....."

"....."

"ထတော့လို့....Daddy"

"...."

တစ်ခွန်း/နှစ်ခွန်းနှိုးတာနဲ့ထမလာတာကြောင့်

"ဗုန်း....."

"အားလားလား.....သေပါပြီ...."

ဟုတ်ပါသည်....ကောင်းကောင်းနှိုးလို့မရသောကာလနဂါးDaddyအား ရှိုင်းကုတင်ပေါ်က ကန်ချ၍နှိုးလိုက်ခြင်းဖြစ်ပါသည်။

"အခုနိုးပြီမလား"

"ဟာ.....ဟျောင့်....မင်းဘယ်လိုနှိုးလိုက်တာလဲ....သေပါပြီ....နာလိုက်တာ....ခါးရိုးကျိုးတော့မှာပဲ"

"ခင်ဗျားကကောင်းကောင်းနှိုးလို့မရအောင်ကုလားသေ ကုလားမော သေနေတာကိုး"

"အဟွန်း....မှဲ့နက်လေး....မင်းနောက်မှတွေ့မယ်....အခုတော့ချိန်းထားတာရှိလို့ကံကောင်းသွားတယ်"

သူ့ကိုဒေါသမထွက်တော့ပဲ အေးအေးလူလူရေချိုးခန်းထဲ၀င်သွားသည့်ထိုလူသားအားကြည့်ကာရှိုင်းမျက်နှာလေးမှိုင်ထွေသွားသည်။

အလုပ်သွားဖို့Daddyအတွက်သူအကြိုက်ဆုံး ရှပ်အင်္ကျီလက်ရှည်အနက်ရောင်နဲ့styleဘောင်းဘီအနက်ကိုမှcoatအနက်နဲ့ necktieအစင်းကျားလေးထုတ်ပေးကာခါးပတ်ထုတ်ပေးမည်အပြု ရှိုင်းကိုယ်လေးတစ်ချက်တွန့်သွားသည်။

Vampire's Limited EditionWhere stories live. Discover now