Part-24

4K 213 72
                                    

(Unicode)

"Vampire's Limited Edition"

Part-24

ဒီညတော့မှောင်မိုက်နေတဲ့မဟူရာစံအိမ်ထဲမီးရောင်တွေနဲ့တောက်ပနေလေရဲ့။

ဟုတ်ပါသည်။ထိုညလေးကားVနဲ့Shineတို့မင်္ဂလာညစာ စားပွဲလေးပင်။

မိတ်ဆွေတချို့ကိုဖိတ်ကာ စံအိမ်အတွင်းdinner partyအသေးစားလေးလုပ်ပြီးပကာသနမပါတဲ့ညစာစားပွဲကိုရိုးရိုးရှင်းရှင်းလေးလုပ်ဖြစ်သည်။

"Daddyအရမ်းအများကြီးမသောက်နဲ့နော်"

"အဟွန်း.....မင်းDaddyနည်းနည်းသောက်ရုံနဲ့တော့မမူးပါဘူးကွာ....မပူပါနဲ့ဗျ"

"စိုးရိမ်လို့ပြောတာပါဗျာ..."

"အဟက်!....ကိုယ့်ကိုမစိုးရိမ်ပေးပဲ မှဲ့နက်လေးအတွက်ပဲမှဲ့နက်လေးအရင်ကြိုပြီးစိတ်ပူထားပါဗျာ....အဟွန်း...."

"ဟာ.....Daddyနော်..."

မျက်နှာလေးရဲကာအရှက်ပိုနေတဲ့ကောင်ငယ်လေးကိုသူဖျစ်ညှစ်ကာဖက်နမ်းလိုက်ချင်မိပါသည်။

သူ3နှစ်တိတိလိုက်ရှာခဲ့ရတဲ့မှဲ့နက်လေး။

ငယ်ငယ်ထဲကသူ့ကြင်ယာတော်ဖြစ်လာဖို့အကြောင်းဖန်လာခဲ့ပြီးPalaceက တမင်မပေးချင်လို့အဝေးပို့ခဲ့တာတောင်သူ့ဘ၀ထဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ကောင်ငယ်လေး။

3နှစ်လုံးလုံးသူ့ကိုရှောင်ပုန်းနေခဲ့တဲ့ကလေးငယ်ကအခုတော့သူ့ဆီပြန်ရောက်လာခဲ့လေပြီ။

မျက်ရည်တွေနဲ့2ကြိမ်2ခါတိတိ ခန္ဓာကိုယ်ချင်းနှီး‌နှောခဲ့ဖူးသောကောင်ငယ်လေးကအခုတော့တရားဝင်သူ့အပိုင်ဖြစ်လာခဲ့ပြီ။

သူ့မှဲ့နက်လေးနှင့်အတူသာဆိုVဘယ်အရာမဆိုရင်ဆိုင်ရဲပါသည်။

သူဘယ်လောက်ပင်ပန်းနေပါစေ မျက်လုံးအောက်မှဲ့နက်လေးကိုပိုင်ဆိုင်ထားတဲ့ "ရှိုင်းဆက်"ဆိုသည့်လူသားလေးကသူ့ပင်ပန်းမှုတွေကိုဖြေဖျောက်ပေးနိုင်စွမ်းရှိသည်။

တစ်လောကလုံးကပြစ်ပယ်ထားပါစေအုံး
သူ့အနားမှဲ့နက်လေးသာရှိရင်သူ့အတွက်လုံလောက်ပါသည်။

အကယ်၍သူကသာအဆိပ်ရှိတဲ့လူသားတစ်ယောက်ဆိုရင် သူ့ရဲ့အသက်သွေးကြောဖြစ်တဲ့မှဲ့နက်လေးအတွက်Vထုတ်သုံးနိုင်သောအဆိပ်ကအတိုင်းအဆမဲ့ပါသည်။

Vampire's Limited EditionWhere stories live. Discover now