Part-27(Final part)

5.8K 206 45
                                    

(Unicode)

"Vampire's Limited Edition"

Part-27(final part)

Kingနဲ့မင်းမာန်ကိုVလက်ထပ်ပေးပြီးပေမယ့်မင်းမာန်ကတော့Kingကိုအခုထိမျက်စောင်းတခဲခဲ။

Bottomဖြစ်တဲ့မင်းမာန်ကတည်ငြိမ်သလောက်Kingဆိုသည်မှာအမြဲတမ်းကလေးလိုလိုခွေးလိုလိုနှင့်လုပ်သမျှတလွဲဖြစ်နေသည်မှာရှိုင်းဆက်နှင့်သူမသာကိုယ်အသုဘ။

V Laptopတစ်လုံးနဲ့ဧည့်ခန်းထဲအလုပ်ရှုပ်နေစဉ်

"Daddy....."

လာပါပြီ။သူ့အချွဲတုံးလေး.....

"ဗျာ"

"ဟွန့်....Daddyကကျွန်တော့်ကိုမကြည့်ပဲအဲ့Laptopကိုပဲကြည့်နေတာ"

"ဟောဗျာ...ကိုယ်အလုပ်ရှုပ်နေတယ်လေမှဲ့နက်လေးရဲ့"

"သိပါတယ်လို့....သူများကသူ့ဆီကပူဆာစရာရှိလို့ပါဆို"

နှုတ်ခမ်းလေးဆူကာသူ့လက်ကိုကိုင်ပြီးချွဲရင်းဆိုလာတော့ ဘေးတစ်ဖက်မှာထိုင်ပြီးစာရင်းကူစစ်နေတဲ့မင်းမာန်ကိုVတစ်ချက်'ဘာလဲ'ဆိုသည့်သ‌ဘောဖြင့်မျက်ခုံးပင့်ပြလိုက်တော့ မင်းမာန်ကပုခုံးပြန်တွန့်ပြလေသည်။

ပြောချင်တာက'သူလဲမသိဘူး'ဆိုသည့်သဘော။

"ဟုတ်ပါပြီဗျာ.....ကိုယ့်မိန်းမလေးဘာများပူဆာမလို့လဲဗျ"

"ဟွန့်....ဘာကိုမိန်းမလေးလဲ...ယောင်္ကျားလေးပါဆိုမှ"

"အဟွန်း....သိပါတယ်ဗျာ....မှဲ့နက်လေးဘာလဲဆိုတာ"

Vရှိုင်းခန္ဓာကိုယ်လေးကိုရင်ခွင်ထဲဆွဲဖက်ကာနားသယ်စပ်နားကပ်ပြောလိုက်တော့ခန္ဓာကိုယ်သေးသေးလေးကအနည်းငယ်ကျုံ့သွားသယောင်။

ထိုစဉ်

"အဟမျး....အဟမျး..."

စာရင်းစစ်နေတဲ့မင်းမာန်ချောင်းဟန့်တော့V ရှိုင်းကိုယ်လေးကိုလွှတ်ပေးလိုက်ပြီး

"ကဲ.....ပြောပါအုံး....မှဲ့နက်လေးကဘာပူဆာမှာ"

"ဟင့်...အကိုK...၀င်ပြောလေလို့"

ရှိုင်း Kingကိုစစ်ကူခေါ်တော့ မင်းမာန်ဘေးမှာgameထိုင်ဆော့နေတဲ့Kingကသူ့လင်တော်မောင်ကိုကို,ကိုတစ်ချက်ကြည့်ကာဟီးခနဲသွားဖြဲလို့ရယ်ပြလေသည်။

Vampire's Limited EditionWaar verhalen tot leven komen. Ontdek het nu