Part-14

4.6K 253 10
                                    

(Unicode)

"Vampire's Limited Edition"

Part-14

Palaceစံအိမ်....
မြင့်မားသောအရပ်နဲ့အသားခပ်လတ်လတ်အမျိုးသားတစ်ဦး။ထိုလူကား King

ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာပြတင်းပေါက်နားရပ်၍ကောင်းကင်ကိုကြည့်ရင်းမထူမပါးနှုတ်ခမ်းထက်မဲ့ပြုံးတစ်ခုသေသပ်စွာဖန်တီးလိုက်သည်။

ထို့နောက် ဖုန်းကို,ကိုင်ကာနံပါတ်တစ်ခုကိုနှိပ်ရင်း

"Vကိုဖိတ်လိုက်"

"....."

"အင်း....ကျန်တာအကုန်အစီအစဉ်အတိုင်းပဲ...ဘာလုပ်ရမလဲသိတယ်နော်"

"..."

"Ok....ညကျမှငါလာမယ်"

"..."

"အင်း"

Kingသက်ပြင်းတစ်ချက်ချလိုက်ကာကောင်းကင်ကိုကြည့်လျက်ခပ်ယဲ့ယဲ့ပြုံးရင်း

"ကိုယ်မင်းကိုPalaceရောက်အောင်ပြန်ခေါ်ပြမယ်Prince"
🌸🌸🌸

1ပတ်လောက်ကြာတော့ရှိုင်းစိတ်အခြေအနေတော်တော်တိုးတက်လာပြီးVကိုခါးခါးသီးသီးမဖြစ်တော့။

စကားပြန်မပြောနိုင်သေးတာကလွဲရင်ကျန်တာတော့တော်တော်ကောင်းလာပြီဟုဆိုရမည်။

ဆေးတိုက်၍နေ့လည်နေ့ခင်းတစ်ရေးအိပ်ဖို့ရှိုင်းကိုသိပ်ပြီး Vအလုပ်ခန်းထဲ၀င်လာတော့အလုပ်ခန်းထဲမှာအသင့်စောင့်နေတာကမင်းမာန်။

Vစားပွဲမှာ၀င်ထိုင်လိုက်ပြီးမင်းမာန်ကိုတစ်ချက်ကြည့်တော့fileတစ်ခုကမ်းပေးလာသည်။

"အဲ့ကလေးကမိဘမဲ့တဲ့....စုံစမ်းရသလောက်တော့သူ့ကို foreignerလင်မယားနှစ်ယောက်ကမိဘမဲ့ဂေဟာတစ်ခုကမွေးစားပြီးလွန်ခဲ့တဲ့7နှစ် သူ့အသက်9နှစ်လောက်မှာမွေးစားမိဘနှစ်ယောက်လုံး ယာဉ်တိုက်မှုနဲ့ပွဲချင်းပြီးဆုံးပါးသွားခဲ့တယ်လို့သိရတယ်....ပြီးတော့သူ့ရဲ့မွေးစားမိဘတွေကမြန်မာနိုင်ငံမှာအခြေချနေပြီးမြန်မာပြည်မှာပဲခေါင်းချခဲ့ပေမယ့်နိုင်ငံခြားမှာတော့အသိတွေရှိခဲ့ပုံပဲ...အခုအချိန်အထိbankကနေအသုံးစရိတ်အမြဲထောက်ပံ့နေတယ်....ဒါပေမယ့်ဘယ်ကလဲဆိုတာတော့လုံး၀စုံစမ်းလို့မရဘူး"

Vampire's Limited EditionWhere stories live. Discover now