ရှင်းလင်းချက်ပိစိလေး

2.2K 80 17
                                    


အောက်ကပုံလေးမှာပြထားတဲ့အဲ့ဒီမန့်ပိုင်ရှင်အကိုရေ....
ပထမဦးဆုံးအနေနဲ့ဝေဖန်ပေးလို့ကျေးဇူးပါ

ဒီမန့်ကိုစတွေ့တော့ကျွန်တော့်acc 2 days banခံထားရလို့ချက်ချင်းပြန်ပြောလို့မရလို့ပါ

ဒီcaseကိုကျွန်တော်ရှင်းပြပါ့မယ်

Ficအစပိုင်းမှာကျွန်တော်ထည့်ရေးခဲ့ပါတယ်
ရှိုင်းဆက်ရဲ့အသက်ကို16နှစ်လို့ရေးခဲ့တာသတိထားမိကြမလားမသိဘူးဗျ

အဲ့အချိန်ကရှိုင်းဆက်သည်16နှစ်ပဲရှိပါသေးတယ်

လက်စားချေတယ် လက်တုန့်ပြန်တယ်
Yes,I know!!
But,ရှိုင်းဆက်ရဲ့အသက်သည်အဲ့အချိန်မှာ16နှစ်ပါ
16နှစ်အရွယ်ဆိုတာ လူပျိုဖော်၀င်တဲ့အချိန်ဆိုပေမယ့်ကလေးသာသာပဲရှိပါသေးတယ်

ဒီficမှာရှိုင်းဆက်ကလုံး၀ကလေးပါ
လုံး၀အဖြူထည်ပါဗျာ

စိတ်အရမ်းနုပါတယ်
အဲ့ဟာတွေကိုအရှေ့ပိုင်းတွေမှာသတိထားမိမယ်လို့ထင်ပါတယ်

အရှေ့မှာရေးခဲ့ပါတယ်
ထမင်းမချက်ထားလို့Vအော်လိုက်တဲ့အချိန်နဲ့မီးပျက်လို့လန့်သွားတဲ့အချိန်ကိုပြန်ကြည့်ပေးပါ

ထပ်ပြောပါမယ်
ဒီficမှာရှိုင်းဆက်ဟာ ကလေးပါ
အဖြူထည်လေးပါ စိတ်နုပါတယ်

ကလေးသဘာ၀ စိတ်အပြောင်းအလဲအရမ်းမြန်ပါတယ်......အဲ့ဒါကြောင့်အကြောက်လွန်ပြီး psycho၀င်သလိုခဏဖြစ်သွားတာပါ

Psycho၀င်တယ်ဆိုတာ ဟုတ်ကဲ့ ရူးသွားတာပါ
ဒါပေမယ့်ယဉ်ယဉ်လေးရူးတာပါ။
စိတ်ဝေဒနာသည်တွေဆိုတာ ကလေးတွေလိုပါပဲ
သူတို့စိတ်ကိုစိတ်နဲ့ပဲကုရတာပါ
သူတို့စိတ်ကအရမ်းနုနယ်ပါတယ်

အဲ့ဒါကြောင့်မို့ဆေးရုံကနေ ရှိုင်းကိုDaddyပြန်ခေါ်လာပြီးဂရုစိုက်ပေးတဲ့အခါအလွယ်တကူပြန်ပြီး အကြောက်ပြေတာပါ

Vဆေးမိပြီးရှိုင်းနဲ့Vမှားခဲ့တယ်
အဲ့အချိန်မှာ ရှိုင်းက စိတ်ဝေဒနာကိုယဉ်ယဉ်လေးခံစားနေရဆဲပါ။

အဲ့ဒါကြောင့်ထွက်သွားခဲ့တာပါ
ရှိုင်းကVကိုမုန်းတာမဟုတ်ပါဘူး
ကြောက်တာပါ
ကလေးသဘာ၀ရိုက်လို့မုန်းတယ်ပြောပေမယ့်တကယ်တော့ရှိုင်းကVကိုကြောက်တာပါ

မမေ့ပါနဲ့
သူ့အသက်ကအဲ့တုန်းက16ပါ

Kingခေါ်သွားလို့Palaceမှာ3နှစ်နေပြီးVနဲ့ပြန်တွေ့တဲ့အချိန်မှာရှိုင်းအသက်က19နှစ်ပါ

နောက်ပြီးVဒေါသထွက်ပြီးရိုက်တာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာကလဲ

အရှေ့အခန်းမှာကျွန်တော်ရေးခဲ့ပါတယ်
ရှိုင်းကိုVစိတ်လွတ်ပြီးရိုက်လို့ သတိမေ့သွားတယ် နောက်ပြီးဆေးရုံရောက်တော့မင်းမာန်Vကိုပြောခဲ့တဲ့စကားတွေ သတိထားမိကြလားဗျ

မင်းမာန်ကအတိတ်ကိုအတိတ်မှာထားခဲ့ဖို့ပြောတာဟာ Vအတိတ်ကအကြောင်းတွေကြောင့် သူချစ်တဲ့သူတွေသူ့အနားကတစ်ယောက်ပြီးတစ်ယောက်ထွက်သွားခဲ့တယ်လို့ရေးခဲ့ပါတယ်

Vဘက်ကကြည့်ရင်
သူချစ်တဲ့သူတွေအနားမှာမရှိတော့လို့ မှဲ့နက်လေးကိုလဲသူ့နားကထွက်သွားမှာကြောက်ပြီးပိုင်ဆိုင်ချင်တဲ့စိတ်တစ်ခုနဲ့စိတ်လွတ်သွားရတာပါ

သူ့ကိုမချစ်ရင်တောင် သူ့ကိုကြောက်နေရင်သူ့ကိုမလွန်ဆန်ရဲအောင်လို့အကြောက်တရားနဲ့မှားယွင်းချုပ်ကိုင်မိရုံသပ်သပ်ပါ

ကျွန်တော်၀န်ခံပါတယ်
ဒီficကကျွန်တော့်အတွက်ပထမဦးဆုံးficလေးဖြစ်တဲ့အတွက်အားနည်းချက်တွေ လိုအပ်ချက်တွေအများကြီးရှိနေတယ်ဆိုတာသိပါတယ်

အချိန်ရရင်လဲ အေးဆေးစာပြန်ပြင်ဖို့လုပ်ထားပါတယ်.....လောလောဆယ်တော့အအေးမိလို့ဖျားနေတာ2ရက်ရှိပါပြီ

အခုမှစရေးတဲ့လူတစ်ယောက်မို့လို့
အမှားတွေကိုဝေဖန်ထောက်ပြပေးတဲ့လူတစ်ဦးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ

လွတ်လွတ်လပ်လပ်ဝေဖန်ပေးနိုင်ပါတယ်နော်
ရှေ့လျှောက်လဲလိုအပ်တာ ဘ၀င်မကျတာလေးတွေရှိရင်ဝေဖန်ထောက်ပြပြီးမန့်ပေးလို့ရပါတယ်

ဝေဖန်ပြီးထောက်ပြပေးမှလဲကျွန်တော့်လိုအပ်ချက်တွေကိုပြုပြင်လို့ရမှာပါဗျ🖤

#Shine_Set

#Shine_Set

Ουπς! Αυτή η εικόνα δεν ακολουθεί τους κανόνες περιεχομένου. Για να συνεχίσεις με την δημοσίευση, παρακαλώ αφαίρεσε την ή ανέβασε διαφορετική εικόνα.
Vampire's Limited EditionΌπου ζουν οι ιστορίες. Ανακάλυψε τώρα