Chapter ( 3 ) : First mission - 1 .

913 117 8
                                    

[ UNICODE  ]

အခန်း ( ၃ )


( တာဝန်ဦး . )
- ဟန့်စ် ခရူဂါမိတ်ဖွဲ့ခြင်း -

    ထမင်းစားဆောင်ထဲ ဝရုန်းသုန်းကားများသည် စက္ကန့်ပိုင်းအတွင်းပြန်လည်ငြိမ်ကျသွားသည် ။ သားအမိနှစ်ယောက် တိတ်တဆိတ်စားသောက်နေရင်း အလွန်ဆိတ်ငြိမ်နေ၏ ။ ဇွန်းခရင်း နှင့် ပန်းကန်တို့ ထိခတ်သံ ၊ ဝိုင်ငှဲ့သံ နှင့် အစေခံတို့၏ ခြေသံဖျော့ဖျော့သာ မကြာခဏ ထွက်ပေါ်န...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

    ထမင်းစားဆောင်ထဲ ဝရုန်းသုန်းကားများသည် စက္ကန့်ပိုင်းအတွင်းပြန်လည်ငြိမ်ကျသွားသည် ။ သားအမိနှစ်ယောက် တိတ်တဆိတ်စားသောက်နေရင်း အလွန်ဆိတ်ငြိမ်နေ၏ ။ ဇွန်းခရင်း နှင့် ပန်းကန်တို့ ထိခတ်သံ ၊ ဝိုင်ငှဲ့သံ နှင့် အစေခံတို့၏ ခြေသံဖျော့ဖျော့သာ မကြာခဏ ထွက်ပေါ်နေတတ်သည် ။

    ယော့ခ်သည် မူလကမ္ဘာတွင် ဆိုးလ်ကျောင်းပြောင်းသည့်အချိန်မှစ တစ်ယောက်တည်းနေလာသည်ဖြစ်ရာ တိတ်ဆိတ်ခြင်းသည် အတန်နေသားကျနေပြီဖြစ်သည့်တိုင် ဤသို့ ပတ်ပတ်လည်တွင် လူများရှိနေသော်ငြား အသံစိုးစဉ်းမထွက်ဘဲ လှုပ်ရှားသံဖွဖွသာကြားနေရခြင်းသည် စာမေးပွဲခန်းထဲ ထိုင်နေရသည့်အလား ကသိကအောက်နိုင်လွန်း၏ ။ စာမေးပွဲဖြေနေသည်ဆိုပါက ထိုမျှမဟုတ်သော်လည်း ထမင်းစားနေရသည်ဖြစ်ရာ အောက်သက်သက်ဖြစ်လာသည် ။

      ယော့ခ်သည် စားသောက်၍ပြီးစီးသွားသောအနေဖြင့် ဇွန်းခရင်းအား သပ်သပ်ရပ်ရပ်ချကာ နှုတ်ခမ်းတို့အား ခပ်ဖွဖွသုတ်လိုက်သည် ။ သူစားပြီးသည်နှင့် ခဏအကြာတွင် ဟန့်စ်လည်း အစားရပ်ပြီဖြစ်ကာ အစားအသောက်များ ပြန်ယူသွားစေပြီး အချိုပွဲများ လာချစေသည် ။ အချိုပွဲတို့သည် လှလှပပရှိနေပြီး စားချင်စဖွယ်ပင် ။ သို့သော် ယော့ခ်မှာ အစားနည်းသောကြောင့် ရှုရုံသာတတ်နိုင်ပြီး အမှန်တကယ်တွင် မထိနိုင်တော့ချေ ။ အနံ့သင်းသင်းနှင့် လက်ဖက်ရည်ကိုသာ ဖြေးဖြေးသောက်ရင်း ဟန့်စ်အား ကြည့်လိုက်သည် ။ သူ(မ)သည် ချောကလက်သားကိတ်မုန့်ထက် အနီနှင့် အဖြူရောစပ်ထားသော ခရင်မ်လေးများ တင်ထားသည့် အချိုပွဲအား တစ်ကိုက်မျှမြည်းစမ်းပြီးနောက် ပူပူနွေးနွေး ကော်ဖီအား ခပ်ဖွဖွမှုတ်ကာ တောင်ဝင်အမျိုးသမီးကောင်ဆန်ဆန် ယဉ်ကျေးမှုအပြည့်ဖြင့် သောက်သုံးလေ၏ ။ အလှမ်းဝေးသည်ဆိုသော်ငြား သူ(မ) ၏ မျက်လွှာချမှုတိုင်းတွင် ရွှေအိုရောင်သန်းသော မျက်တောင်မွှေးလှလှတို့ ရှည်လျားသေသပ်စွာရှိနေကြောင်း မြင်နိုင်၏။ အပြာရောင် မျက်လုံးတို့သည် စ,စမြင်ချင်းထက် ပို၍မြူးပျော်နေဟန်ရသည် ။ သို့သော် သူ(မ)၏ မျက်နှာသည် ဧကရီတစ်ပါး၏ အရှိန်အဝါတို့ရှိနေပြီး ခက်ထန်အေးစက်နေသေး၏ ။ ကြည့်ရသည်မှာ ထိုမျက်နှာ အနေအထားသည် မိသားစုမျိုးရိုးမှ လက်ဆင့်ကမ်းသည်ထင်သည် ။ ထိုသို့ အေးစက်ကာ အမူအရာမဲ့သော မျက်နှာသည် ခရူဂါမျိုးနွယ်တို့၏ အမှတ်အသားတစ်ခုအလား ရှိချေ၏။ ဥပမာဆိုပါက မူလပိုင်ရှင်သည်လည်း ထိုသို့ အေးစက်ခက်ထန်ဆဲပင်မဟုတ်လေသလား ။

The Marionette Villain's Stage 《 System 》 - DroppedWhere stories live. Discover now