Chapter ( 14 ) : Empire's Jade

518 115 22
                                    

[ ZAWGYI ]

အခန်း ( ၁၄ )

《 ဧကရာဇ်ကျောက်စိမ်းပြား 》

- Happy Birthday -

      " မွေးနေ့အတွက် ဂုဏ်ပြုပါတယ်

Oops! Această imagine nu respectă Ghidul de Conținut. Pentru a continua publicarea, te rugăm să înlături imaginea sau să încarci o altă imagine.

      " မွေးနေ့အတွက် ဂုဏ်ပြုပါတယ် ... "

      ဧကရာဇ်ဆဗန်သည် သူမတူအောင် အလွန် ချိုသာလွန်းနေခဲ့သည် ။ လေသံခမျာ အချစ်ဆုံးဖြစ်သော ဆဋ္ဌမ မင်းသားငယ်နှင့် စကားဆိုသည်ကထက်ပင် သကြားဓာတ်ပိုများနေ၏ ။

      " ကျေးဇူးတင်ပါတယ် ၊ ခမည်းတော်... ဒီနေ့က အိမ်ရှေ့စံရဲ့ ဘွဲ့နှင်းသဘင်ဆိုတော့ ကျွန်တော့်ကို မေ့သွားမယ်ထင်တာ "

       လို့တပ်(စ်)သည် သူ၏ နတ်ဘုရားသွင်ပြင်နှင့်အတူ အသံမှာလည်း ပျားရည်အလား ချိုမြိန်လှပြီး ၊ ယဉ်ကျေးမှုရှိကာ သိမ်မွေ့လှသည် ။ ဆဗန်မှာ လို့တပ်(စ်) ဘေးတွင် လမ်းလျှောက်ရင်း သားတော်အား တစ်ချက်ကြည့်မိလိုက်သည် ။ သူ၏ ဤသားတော်လေးမှာ မိဖုရား ရို့စီးလီးယားအား သတိရစေသည် ။ ခဏတဖြုတ်မြင်လိုက်ရသည့်အချိန် အပိုင်းအခြားအတွင်း သားတော်လေးမှာ ၁၅ နှစ်သို့ ချီမြန်းနေပြီး ၊ လျင်မြန်စွာပင် အရွယ်ရောက်နေ၏ ။

      ဘွဲ့နှင်းသဘင် ပြီးသွားသဖြင့် ဆဗန်သည် အင်ပါယာနန်းတော်ကြီးဆီသို့ မရောက်ဖြစ်တာကြာညောင်းလှပြီဖြစ်သော သားတော်ငယ်အား နေရာအနှံ့လိုက်ပြကာ စကား စမည်ပြောနေတော့သည် ။ ထို့နောက် လို့တပ်(စ်)နေရန် နန်းဆောင်လည်း လိုက်ပြပြီး ၊ ထိုနေရာတွင် ခဏနားလိုက်ကြသည် ။

      " သားတော်လေး ဒီလောက်ထိကြီးလာတာ... မင်း မယ်တော်မြင်ရင် သိပ်ဝမ်းသာနေမှာပဲ... "

      ဆဗန်သည် ကော်ဖီသောက်ရင်းဖြင့် ပူဆွေးစွာ ဆိုလာသည် ။ လို့တပ်(စ်)မှာ တိတ်တဆိတ်ဖြင့်သာ ငြိမ်နေရင်း ခဏအကြာမှ စကားလမ်းကြောင်း လွှဲလိုက်၏ ။

The Marionette Villain's Stage 《 System 》 - DroppedUnde poveștirile trăiesc. Descoperă acum