Chapter ( 15 ) : Impacts

494 92 4
                                    

[ Zawgyi ]

《 အကျိုးသက်ရောက်မှုများ 》

- System Update -

      ယော့(ခ်) ပြတင်းတံခါးဆောင့်ပိတ်လိုက်ပြီးသော် အခန်းတွင်းမှ အပူချိန်သည် ရုတ်တရက်မြှင့်တက်လာသကဲ့သို့ ခံစားလိုက်ရသည် ။ ထို့ကြောင့် ပြတင်းပေါက်မှ လှမ်းမြင်နေရသော အပြင်ခပ်ဝေးဝေးမှ မီးအိမ်အချို့ ဝေးသွားမှသာ ပြတင်းတံခါးအား ပြန်ဖွင့်လိုက်၏ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

      ယော့(ခ်) ပြတင်းတံခါးဆောင့်ပိတ်လိုက်ပြီးသော် အခန်းတွင်းမှ အပူချိန်သည် ရုတ်တရက်မြှင့်တက်လာသကဲ့သို့ ခံစားလိုက်ရသည် ။ ထို့ကြောင့် ပြတင်းပေါက်မှ လှမ်းမြင်နေရသော အပြင်ခပ်ဝေးဝေးမှ မီးအိမ်အချို့ ဝေးသွားမှသာ ပြတင်းတံခါးအား ပြန်ဖွင့်လိုက်၏ ။

      " အဖျားတက်သွားသလိုပဲ... ၊ ရု(သ်)လက်(စ်)  system update ဖြစ်သွားပြီလား "

      ယော့(ခ်) စကားဆုံးသည်နှင့် အပြာရောင် စကရင်ပေါ်လာခဲ့ပြီး ၊ မြင်နေကျအရာတို့မှာ ပြောင်းလဲသွားသည် ။

     { စွမ်းအင်မြူလုံးအား မျိုချခြင်းအားဖြင့် host ၏ လက်ရှိ အခြေအနေ နှင့် system မှာ အံအားသင့်ဖွယ် ရုတ်ချည်းတိုးတက်လာပါတယ် ။ ကြိုတွက်ခြင်းထက် အတိုင်းထက်အလွန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဂုဏ်ယူစွာဖြင့် ရလဒ်များအား တင်ပြပါတယ် ။

လက်ရှိ ဗီလိန်အရှိန်အဝါ အမှတ် - max  ။

    ဗီလိန်အရှိန်အဝါ အမှတ် ဂိတ်ဆုံးထိ ရရှိခြင်းအားဖြင့် လူတိုင်းလိုလို Host ကို ကြောက်ရွံ့ကြပါလိမ့်မယ် ။ Host က ငတုံးဖြစ်နေရင်တောင် အရှိန်အဝါကြောင့် ရှိန်နေမှာဖြစ်ပါတယ် ။ ယူ လပ်ကီး (↑ω↑)  }

     စနစ်မှာ အီမိုဂျီများပင် ထုတ်သုံးကာ ချစ်စရာကောင်းဟန်ဆောင်လိုက်သေးသည် ။ ယော့(ခ်) ခေါင်းယမ်းကာ သက်ပြင်းချရင်း စကားဆက်စေလိုက်၏ ။

{  မန်နာပွိုင့် - ၁၀၀ ရာခိုင်နှုန်း ။

   မန်နာပွိုင့်ဟာ ကျောင်းတက်ရင်း မှော်စွမ်းအင်ကို နားလည်လာမှ ရာခိုင်နှုန်းတိုးနိုင်မှာ ဖြစ်သော်လည်းပဲ Host ရဲ့ ဖြတ်လမ်းလိုက်မှုကြောင့် ၁၀၀ ရာခိုင်နှုန်းထိ ပြည့်တင်းသွားပါတယ် ။ တစ်ပြိုင်နက်တည်း မှော်စွမ်းအင်နားလည်နိုင်စွမ်းပါ အချောင်ရသွားပါတယ် ။ ဂုဏ်ယူလိုက်ပါ ။

The Marionette Villain's Stage 《 System 》 - DroppedWhere stories live. Discover now