Chapter ( 18 ) : The Greatest Goddess's halo

513 93 10
                                    

[ Zawgyi ]

* ❗️ GORE WARNING ❗️ *

အခန်း ( ၁၈ )

《အမြင့်မြတ်ဆုံးနတ်ဘုရားမ၏ ရောင်ခြည်တော်စက်ဝန်း》

- သူ(မ)၏ ခန္ဓာ ၊ ထို့နောက် သူ(မ)၏ ပုံပြင် -

- သူ(မ)၏ ခန္ဓာ ၊ ထို့နောက် သူ(မ)၏ ပုံပြင် -

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

______________

အဖြူရောင်မျက်နှာကြက်မှ တွဲလွဲခိုနေသည့် မီးအုပ်ဆောင်းကြီးသည် မှော်စွမ်းအင် ဖျဖျဖြင့် အနည်းငယ်သာ လင်းနေပြီး ၊ ဖြူဖွေးသော မျက်နှာကျက်အား အလင်းပြန်၍ ဝါစွေးစွေးဖြစ်စေသည် ။ ယော့(ခ်)သည် အိပ်ရာခင်းအသစ်ပေါ်တွင် ခြေကားယားလက်ကားယားဖြင့် လှဲနေရင်း ဝါစွေးစွေး မျက်နှာကြက်အား ကြည့်လျက် ပျင်းရိစွာ သီချင်းညည်းနေသည် ။ မကြာခင် ရု(သ်)လက်(စ်)၏ ခန္ဓာကိုယ် ရလာတော့မည်မို့ သူနိုးနိုးကြားကြားရှိဖို့လိုရန်ငှာ အိပ်မပျော်သွားစေရန် တတ်နိုင်သမျှလုပ်နေရမည်ဖြစ်သည် ။

အတွေးထဲရှိ ရု(သ်)လက်(စ်) သည် တစ်နာရီခွဲသာ လိုတော့သော အချိန်တွင် ယော့(ခ်)၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတို့နှင့်အတူ တဖြေးဖြေးချင်း ခွဲထွက်နေပြီး ၊ ယော့(ခ်)၏ ရင်ဘတ်အပေါ်တည့်တည့်တွင် ရွှေရောင်အလင်းတန်းများ စုဝေးနေသည့် အလုံးသေးသေးလေးဖြစ်ပေါ်လာသည် ။ အဝေးမှကြည့်ပါက အလုံးလေးမှာ ယော့(ခ်) ကိုယ်တွင်းမှ အလင်းတန်းတို့အား စုပ်ယူနေသကဲ့သို့ရှိ၏ ။

[ ယော့(ခ်).... သင် ဘာသီချင်းကို ညည်းနေတာလဲ ]

ယခု ရု(သ်)လက်(စ်)၏ အသံမှာ ဦးနှောက်ထဲမှ ထွက်လာခြင်းမဟုတ်ဘဲ ၊ အလုံးလေးမှ တစ်ဆင့် ထွက်လာခြင်းဖြစ်သည် ။ လေသံမှာ ဖျော့တော့ကာ အားနည်းလှပြီး ၊ တစ်စုံတစ်ခုအား ပျော်ရွှင်နေသော်ငြား တစ်ဖက်တစ်ချက်တွင် ပူဆွေးမှုတစ်ခုသည် လှိုက်ဆွတ်လို့နေသည် ။

The Marionette Villain's Stage 《 System 》 - DroppedWhere stories live. Discover now