Chapter (4) : First Mission - 2 .

719 107 8
                                    

[  Zawgyi ]

အခန်း ( ၄ )

( တာဝန်ဦး. ၂ )
- အပို တာဝန်လေးတစ်ခု -

    

    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

     ယော့(ခ်)သည် သူ့ကို အတန်ကြာစိုက်ကြည့်နေသော မျက်ဝန်းတို့အား သတိမထားမိချေ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


     ယော့(ခ်)သည် သူ့ကို အတန်ကြာစိုက်ကြည့်နေသော မျက်ဝန်းတို့အား သတိမထားမိချေ ။

   ဘယ်ထားမိမှာလဲ သူအလုပ်ရှုပ်နေသည်လေ ။

    ယော့(ခ်)၏ မျက်လုံးတို့မှာ စာအုပ်ပေါ်သို့ကြည့်နေသည့်တိုင် စာဖတ်နေခြင်းမဟုတ်လေဘဲ ရု(သ်)လက်(စ်) ဆီမှ အချက်အလက်တို့ နှိုက်နေသည် ။

     ရု(သ်)လက်(စ်) ပြောပုံ နှင့် ဝတ္ထုပေါ် မူတည်၍ ဤကမ္ဘာ၏ ဖြစ်တည်မှုနှင့် ပုံစံတို့အား အကျဉ်းချူပ်ပြန်ဆိုရမည်ဆိုလျှင် --

    ဤကမ္ဘာကြီးသည် မှော်စွမ်းအင်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ကမ္ဘာဖြစ်သည် ။ အများသုံးသော ဘာသာစကားမှာ အင်္ဂလိပ်ဖြစ်ပြီး ၊ ကိုရီးယားလူမျိုး ၊ တရုတ်လူမျိုး ၊ ဂျပန် ၊ ထိုင်း ၊ မြန်မာ အစရှိသော လူမျိုးများစွာလည်း ရှိ၏။ လူမီအယ်(လ်) အင်ပါယာကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ တွင်တည်ထောင်ထားခြင်းဖြစ်ကာ နဂါးမြစ်၏ အရှေ့ဘက်တွင် အခြေစိုက်ထားခြင်းဖြစ်သည် ။ အင်ပါယာ၏ တောင်ဘက်တွင် နဂါးမြစ်ဖြင့် ဝန်းရံခံထားရပြီး နယ်ခြား ပို့ဆောင်ဆက်သွယ်ရေး နှင့် စီးပွားရေးလုပ်ဆောင်ရန် အကောင်းဆုံး စီရင်စုဖြစ်သည် ။ လူမီအယ်(လ်) အင်ပါယာသည် နာမည်နှင့်အညီ ကြယ်ပုံသဏ္ဍာန်အား မှီငြိမ်းထားခြင်းဖြစ်ကာ စီရင်စု ၁၂ ခု နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည် ။ စီရင်စုများအား တစ်မျိုးတစ်မည် နိုင်ငံဟု ဆိုရသည် ။ နိုင်ငံ ၊ စီရင်စုတစ်ခုအတွင်း မြို့ပြကြီး ၊ မြို့ငယ် ၊ ခရိုင် ၊ ရွာကြီး ၊ ရွာငယ် စုံလင်စွာရှိပြီး ၊ အင်ပါယာတစ်ခွင် အကြီးဆုံး မြို့တော်မှာ အင်ပါယာမြို့ဖြစ်သော မင်းနေပြည်တော် < အဲဒိုရက်(စ်) > မြို့တော်ကြီးဖြစ်၏ ။

The Marionette Villain's Stage 《 System 》 - DroppedWhere stories live. Discover now