Chapter ( 11 ) : strings gon' dissary - 2

536 110 3
                                    

[ Zawgyi ]

အခန်း ( ၁၁ )

《 ကကြိုးများက ဖရိုဖရဲ . ၂ 》

- ကျွန်တော်နဲ့ တွဲကပေးနိုင်မလား -

       တစ်မြို့လုံး၏ တစ်ဝက်ခန့်မှာ လက်ရှိ အိမ်ရှေ့စံအပေါ် လေးစားမှုထက် ကြောက်ရွံ့မှုက ပိုတိုးလို့ ၊ အလိုမကျရှိကြသော်ငြား နေ့ကြီးရက်ကြီးပွဲတော်သည်တော့ မခွဲခြားစွာ စည်ကားသိုက်မြိုက်လျက်ရှိပေသည် ။ ကံကောင်းခြင်း နှင့် ခွန်အားကြီးမားမှုကို ဆောင်ကျဉ်းသော အန...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

       တစ်မြို့လုံး၏ တစ်ဝက်ခန့်မှာ လက်ရှိ အိမ်ရှေ့စံအပေါ် လေးစားမှုထက် ကြောက်ရွံ့မှုက ပိုတိုးလို့ ၊ အလိုမကျရှိကြသော်ငြား နေ့ကြီးရက်ကြီးပွဲတော်သည်တော့ မခွဲခြားစွာ စည်ကားသိုက်မြိုက်လျက်ရှိပေသည် ။ ကံကောင်းခြင်း နှင့် ခွန်အားကြီးမားမှုကို ဆောင်ကျဉ်းသော အနီရောင်တို့သည် တစ်မြို့လုံးတွင် ပြည့်ကျင်းလျက် ပန်းပေါင်းစုံတို့လည်း လေထဲတွင် လွှင့်လူးနေကြတော့သည် ။

       အိမ်ရှေ့စံ၏ နန်းဆောင်တော်ရှေ့တွင် မြင်းတပ်တစ်စုနှင့်အတူ ပဉ္စလက်ခေါင်းဆောင်အဖွဲ့ဝင်များစွာ ရှိနေပြီး ၊ မြို့အား လှည့်ပတ်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်၏ ။

       " အိမ်ရှေ့စံ ထွက်လာပါပြီ "

       စူးရှရှအော်သံနှင့်အတူ ရွှေရောင်ဖျော့ဖျော့ ဆံနွယ်တို့သည် ထူထဲသော အနီရောင် ခြုံထည်နှင့် အောက်သို့ ယှဉ်တွဲ၍ မြင်းမြှီးသဏ္ဍာန်ကျဆင်းနေပြီး ၊ ကောင်းမွန်သော သားရဲသားရေဖြင့် ပြုလုပ်ထားသည့် ဖိနပ်ရှည်သည် ခြေတစ်ချက် လှမ်းလေတိုင်း အသံသာသာတစ်ခု ပြုတတ်လေသည် ။ ဖြူဖွေးသော ဘောင်းဘီတွင် အဆင်တန်ဆာများစွာဖြင့် ခေါင်းမှ ခြေအဆုံး အဖုံဖုံသော အလှအပများစွာကို ပေးစွမ်းလျက် ခန်းနားထည်ဝါမှုဟူသည်ကို တစ်ယောက်တည်း သိမ်းပိုက်ထားပေတော့၏ ။

       ဖြူဖြူဖျော့ဖျော့ မျက်နှာလေးရှိနေသော်ငြား ပန်းရောင်သန်းသော နှုတ်ခမ်းတို့သည် လတ်ဆတ်လျက် ၊ ပြာဆင်းသော သမုဒ္ဒရာမျက်လုံးတို့မှာ အလွန် တည်ကြည်လျက်ရှိသည် ။ ဘယ်ဘက်မျက်ဝန်းအား ပိုးသား မျက်လုံးကာတစ်ခု အုပ်ဖုံးထားပြီး ၊ ထိုအကာမှာ ခန့်ညားမှုကို မည်သို့နည်းနှင့်မှ ဖောက်ထွင်းနိုင်စွမ်းမရှိပေ ။ နားတွင် ပြာတောက်တောက် နားကပ်တစ်ခုရှိလျက် မျက်လုံးနှင့် လိုက်ဖက်ညီစွာ လင်းလက်မှုအစုံ ဝေသီနေစေသည် ။

The Marionette Villain's Stage 《 System 》 - DroppedWhere stories live. Discover now