Chapter (5) : First Mission - 3

657 108 7
                                    

[ Zawgyi ]

အခန်း ( ၅ )

( တာဝန်ဦး . )

- အရုပ်ကြိုးတစ်ကြိုးအား ဖြတ်ထုတ်ခြင်း  -

      ယော့(ခ်)သည် မနှေးလွန်းမမြန်လွန်း ခြေလှမ်းတို့ဖြင့် လျှောက်လှမ်းနေခဲ့သည် ။ ခန္ဓာကိုယ်ကား လေတစ်ချက်တိုးအဝှေ့ လွင့်ပျယ်သွားတော့မည့် အသွင်အား ဆောင်နေသည့်တိုင် အမူအရာမဲ့နေသော မျက်နှာထက်တွင် ခက်ထန်မှု တစ်ပိုင်းတစ်စက ပေါ်ထွက်နေလေ၏ ။             [ သင်တ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

      ယော့(ခ်)သည် မနှေးလွန်းမမြန်လွန်း ခြေလှမ်းတို့ဖြင့် လျှောက်လှမ်းနေခဲ့သည် ။ ခန္ဓာကိုယ်ကား လေတစ်ချက်တိုးအဝှေ့ လွင့်ပျယ်သွားတော့မည့် အသွင်အား ဆောင်နေသည့်တိုင် အမူအရာမဲ့နေသော မျက်နှာထက်တွင် ခက်ထန်မှု တစ်ပိုင်းတစ်စက ပေါ်ထွက်နေလေ၏ ။
     
      [ သင်တကယ်ပဲ တိုက်ခိုက်မလို့လား ]
     
      ' အဲ့လိုလည်း ဆိုမရပါဘူးလေ '
     
      [ ဒါက သင့်ရဲ့ လွတ်လပ်ခွင့်ဖြစ်တာကြောင့် ကျွန်ုပ် မတားလိုပေမဲ့ သင်သိထားရမှာက မန်ဒရီဇာတ်ကောင်က အသုံးပြုပုံ ကွဲပြားရင် အသုံးဝင်မဲ့ ဇာတ်ကောင်ပါ ၊ မူလကမ္ဘာထဲမှာ ယော့(ခ်) ဧကရာဇ်ဖြစ်တော့ မန်ဒရီအတွက် သိပ်အကျိုးရှိသွားပေမဲ့ သူက ယော့(ခ်)ကို ထောက်ပံ့ပေးတဲ့ အထောက်ကောင်းတစ်ခုလည်းဖြစ်တယ်လေ .. သင်အလွန်အကျူးမလုပ်ဖို့မျှော်လင့်ပါတယ် ]
     
      ' မင်းအရမ်းအတွေးလွန်နေတာပဲ ... ငါက ဘာမှ အလွန်အကျူးမလုပ်ရပါဘူး ၊ မန်ဒရီက တကယ်အသုံးဝင်တဲ့ ဇာတ်ကောင်ဆိုတာ အရူးတောင်သိတယ် ၊ ရတနာကို ဘယ့်နှယ် ဆုံးရှုံးခံပါ့မလဲ '
     
      [ ဒါဆို သင်အခု ဘာလုပ်နေတာလဲ ]
     
      ' မန်ဒရီက အာဏာမက်ပြီး အခုချိန်ထိ နန်းတက်မင်းသားက သူ့ရဲ့ နယ်ရုပ်လေးဖြစ်နေတုန်းလို့ တွေးထားတယ်လေ ၊ နောင်အနာဂတ် နန်းတက်ရင် သူပဲ လက်ဝါးကြီးအုပ်လာမှာပဲ ၊ သေချာတာပေါ့ မူလပိုင်ရှင်ကို ကာကွယ်ပေးပြီး ထောက်ပံ့တာတွေက သူ့ရဲ့ နေရာမြဲဖို့အတွက်နဲ့ မိသားစုကို ကာကွယ်ဖို့လေ.. သြော် ဒါနဲ့ ရု(သ်)လက်(စ်)... မင်းက တကယ်ရော ရက်စက်ခြင်းဟုတ်ရဲ့လား ... အရမ်းတွေ ဖြူစင်ပြနေလိုက်တာ '
     
      ယော့(ခ်)၏ စကားကြောင့် ရု(သ်)လက်(စ်) တန့်သွားခဲ့ပြီး ခေတ္တကြာမှ အသံပြဲကြီးဖြင့် တုန့်ပြန်လာကာ ကျိန်ဆဲမှုတို့ ပြုလုပ်လာသည် ။
     
      [ သင် လုပ်ချင်တာသာ လုပ်တော့ ... အလွန်အကျူးမလုပ်ဖို့ပဲ မျှော်လင့်တယ် ၊ ခွေးဦးနှောက်နဲ့ အလုပ်လုပ်ပြီး ကျွန်ုပ်ကိုပါ ချောက်ထဲ ဆွဲချရဲရင် သင့်ရဲ့ ဝိဉာဉ်ကို အာကာသထဲ လွှင့်ပစ်ထားပြီး နဂါးငွေ့တန်းနဲ့ လောင်ကျွမ်းသွားစေရမယ် ]
     
      ' ဟုတ်ပါပြီ ၊ ငါ ဘာအလွန်အကျူးမှမလုပ်ပါဘူး ... သူ့ရဲ့ဇာတ်ကောင်ကို ပိုပြီး အသုံးဝင်လာအောင် လုပ်ပေးချင်ရုံပါ '
     
      ယော့(ခ်) ၏ နှုတ်ခမ်းထောင့်လေးများသည် မပေါ်လွင်သော ခံစားချက်တို့နှင့် ကော့တက်သွားသည် ။
     
      လက်ရှိတွင် သာမန်ဆန်သော အဖြူရောင်လက်ကားကားနှင့် ပွပွယယ နေသာထိုင်သာရှိသော ဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့သည် ။ ဤနေရာသည် နန်းဆောင်တွင်းသာဖြစ်သည်မို့ ဝတ်စားဆင်ယဉ်မှုအကန့်အသတ်မရှိပေ ။ သို့ရာ နန်းဆောင်ပြင်ထွက်ပြီး နည်းပြဖြစ်သူနှင့် တွေ့ရမည်ဖြစ်သောကြောင့် အဆောင်သို့ပြန်ကာ အဝတ်လဲရ၏ ။
     
      ဘယ်ဘက်တွင် ရွှေရောင်အကာဖြင့် အနီရောင် ဝတ်ရုံလွှာသည် တော်ဝင်ဆန်သော အဝတ်တန်ဆာတို့နှင့်ပနံသင့်နေပြီး ဖျော့တော့သော ဆံနွယ်တို့မှာ ဖြေချထားလျက် ပုခုံးပေါ်တွင် ပျံ့ကျဲနေတော့သည် ။ လှပသော သမုဒ္ဒရာ မျက်ဝန်းတွင် ဘယ်ဘက်တစ်ခုသည် ဝေလငါး၏ သွေးစက်တို့ဖြင့်ယှက်ထွေးနေရင်း လှုပ်ရှားအသက်ဝင်နေ၏ ။ ထိုနေရာလေးကိုသာ ကွက်၍ စိုက်ကြည့်ပါက တစ်ဖနီ မီမိုးဆာ့(စ်) ကော့တေး ထဲသို့ ကဘားနက် ဆာဗီဂွန် ဝိုင်နီများ လောင်းထည့်လိုက်သကဲ့သို့ ခံစားချက်အား ပေးစွမ်းနေ၏ ။ လှုပ်လီလှုပ်လဲ့ဖြင့် တမူထူးခြားနေမှုလေးသည် ဖျော့တော့သော လူမမာ မျက်နှာထက် အရှိန်အဝါတစ်ခု ထွန်းတောက်နေစေတော့သည် ။

The Marionette Villain's Stage 《 System 》 - DroppedWhere stories live. Discover now