(7). သိမ်မွေ့နူးညံ့သောမျက်နှာဖုံးအောက်မှသူမ

3.3K 209 3
                                    

"ဒေါ်ဒေါ် ကိုလှိုင်းရှိလား "

တစ်နေ့ကမုန်းဝယ်ကျွေးမယ်ကတိပေးပြီးရက်အတော်ကြာအောင်ပေါ်မလာသောကိုလှိုင်းကြောင့် အမုန်းခမျာကြီးကြီးတို့အိမ်မှာမရှိခိုက်အရဲစွန့်ပြီးလာရှာခြင်းဖြစ်သည်။

ဘယ်လိုပဲခြံချင်းကပ်ရပ်ဖြစ်နေပါစေ ကြီးကြီး၏ခွင့်ပြုချက်မရှိလျှင်ခြံပြင်သို့ခြေတစ်လှမ်းမှမထွက်ရဟူသောအမိန့်ရှိသည်မို့ အမုန်းသည်ကြီးကြီးတို့ခိုင်းသောစျေးဝယ်ခြင်းကိစ္စမှအပဘယ်ကိုမှမသွားရပါ။ အခုကအိမ်ကိုနေ့စဥ်ချောင်းပေါက်မတတ်လာလေ့ရှိသောကိုလှိုင်းတစ်ယောက် ရောက်မလာတာတစ်ပတ်ပင်ကျော်ခဲ့ပြီမို့ စိတ်ပူရပါသည်။ မမလေးကိုလည်းမမေးရဲ။ ကိုလှိုင်းဆိုသည်မှာလည်းကိုယ့်အပေါ်အလွန်ကောင်းပေးပြီး အစ်ကိုအရင်းတစ်ယောက်လိုတွယ်တာရသူမို့ အိမ်မှာမည်သူမျှမရှိသည့်အခိုက်လစ်ထွက်လာခြင်းပင်။

အမုန်းကိုမြင်သည်နှင့် ကိုလှိုင်း၏အမေဒေါ်ဒေါ်ငွေလှိုင်းဖြူက ပန်းအိုးထိုးနေရာမှထလာပြီးမျက်နှာလည်းမကောင်းပေ။ ကိုလှိုင်းရှိလားလို့မေးတော့ သက်ပြင်းချကာ....

" မင်းတို့ကိုလှိုင်းကရှိပါတယ်ကွယ်....ဒီရက်တွေအတွင်းဘာဖြစ်နေတယ်မသိပါဘူးကျောင်းလည်းမသွားဘူး ထမင်းတွေဘာတွေလည်းဆင်းမစားဘူး..ဒေါ်ဒေါ်သူ့အခန်းတံခါးသွားခေါက်တော့လည်း တစ်ယောက်တည်းပဲနေချင်တယ်တဲ့ကွယ် သူ့အဖေ့ကိုလည်းဒီအကြောင်းတွေမပြောရဲဘူး ဟိုကစိတ်လေးလက်တစ်ဆစ်နဲ့သူပဲအထိုးခံရမှာ...သားကအမုန်းလေးဆိုရင်လူတကာထက်ပိုပြီးသံယောဇဥ်ရှိတော့ချော့မေးကြည့်ပါဦးကွယ် "

" ဟုတ်လား..သားလည်းသူအိမ်ဖက်မလာတာကြာလို့ဘာများဖြစ်နေသလဲဆိုပြီးစိတ်ပူလို့လာကြည့်တာ..အဲ့ဒါဆိုဒေါ်ဒေါ်သားအပေါ်တက်သွားလိုက်မယ်နော် "

" အေး..အေးသားချော့မေးကြည့်ပါဦးနော် "

" ဟုတ်ကဲ့ "

ဒေါ်ဒေါ်ကိုပြောပြီးသည်နှင့် ကိုလှိုင်းအခန်းရှိရာသို့အမုန်းခြေလှမ်းတို့ဦးတည်လိုက်သည်။ အရင်တည်းကမမလေးခိုင်းတိုင်းကိုလှိုင်းအခန်းကိုလာနေကြဆိုတော့ ဘယ်နေရာမှာရှိလဲဆိုတာသိပြီးသား။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now