Zawgyi (11). ရန်သူ

369 26 0
                                    

Black Umbrella အမည်ရသောစံအိမ်ကြီးသည် တောင်တန်းဒေသတွင်တည်ရှိကာတောင်တန်းများအကြားတွင်လျှို့ဝှက်စွာဖြင့်တည်ရှိနေသည်။ စံအိမ်ပတ်ချာလည်တွင်အစောင့်တွေကိုအများအပြားထားရှိကာ အထဲတွင်လည်း လေ့ကျင့်နေသောဂိုဏ်းသားများလည်းအပြားအများရှိလေသည်။ B.U ဂိုဏ်းသည် အင်အားကြီးမားပြီး 'M'နိုင်ငံမြောက်ပိုင်းတွင်မြို့ငါးမြို့နှင့်ရွာဆယ့်နှစ်ရွာကို ကိုယ်ပိုင်အာဏာ၊ ကိုယ်ပိုင်ဥပဒေပြဌာန်း၍အုပ်ချုပ်နိုင်သည်အထိအင်အားကြီးမားလေသည်။

ထိုကဲ့သို့အင်အားကြီးမားလှသောဂိုဏ်းကြီးကို အုပ်ချုပ်သူမှာအသက်နှစ်ဆယ့်ရှစ်နှစ်မျှသာရှိသေးသည်ဟုပြောလျှင်ယုံဖွယ်ရာမရှိ။ သို့သောထိုအရာသည်ပါးစပ်ရာဇဝင်မဟုတ်ပေ။

Black Umbrella စံအိမ်၏အရှင်သခင်၊ B.U ဂိုဏ်း၏အုပ်ချုပ်သူမှာ 'စဝ်ခွန်ယင်း' အမည်ရသူဖြစ်ပြီး မိမိကိုယ်ကို Gay ပါဟု come out လုပ်ထားသူတစ်ယောက်လည်းဖြစ်သည်။ သို့သော်ထိုမျှပြီးပြည့်စုံသောယောကျာ်းတွင်လက်တွဲဖော်ဟူ၍မရှိသေး။ ထို့ကြောင့် Gay အသိုင်းအဝိုင်းတွင်နာမည်ကြီးကာလိုချင်သူများမှာ ရိုက်သတ်၍ပင်မကုန်။

ထိုသို့သော'စဝ်ခွန်ယင်း'သည် Black Umbrella စံအိမ်ရှိသူ၏အလုပ်ခန်းထဲတွင်ဆုံလည်ခုံပေါ်မှာခပ်လျော့လျော့အနေအထားဖြင့်ထိုင်နေကာ သူ၏ရှည်လျားသောခြေထောက်အစုံကိုတော့သူ့ရှေ့ကစားပွဲပေါ်တွင်တင်ထားပြီးရှည်သွယ်သောလက်တွေကိုတော့အချင်းချင်းယှက်သွယ်ထားလေသည်။

စိမ်းညို့နေသောမျက်ခုံးထင်းထင်းများအောက်မှသိမ်းငှက်တစ်ကောင်လိုစူးရှသောမျက်ဝန်းတွေသည်စားပွဲပေါ်က computer screen ပေါ်ရှိပုံရိပ်တစ်ခုပေါ်သို့အကြည့်ရောက်နေကာ ဆေးလိပ်သောက်လွန်း၍အညိုဖက်သို့ပြောင်းချင်နေသောနှုတ်ခမ်းပါးတစ်စုံသည် စိတ်ကျေနပ်နေဟန်ဖြင့်အထက်သို့ကော့တက်နေသဖြင့် လက်ထောက်ဖြစ်သူ Blackတစ်ယောက်နောက်ကျောမှချွေးအေးများစီးကျလာသည်အထိထိတ်လန့်နေရသည်။

သူ့သခင်ဒီလိုပြုံးတိုင်းမကောင်းတာတစ်ခုခုကိုကြံစည်နေတယ်ဆိုတာပြေးကြည့်နေစရာမလိုသောကြောင့် ခံရမည့်ပုဂ္ဂိုလ်အတွက်အမွှေးတိုင်တစ်တိုင်ကြိုထွန်းပေးလိုက်သည်။
ထို့နောက်တွင်တော့ သခင်၏အေးစက်စက်အသံကသူ့အတွေးတွေကိုဖျက်ဆီးကာဝင်ရောက်လာလေသည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedDonde viven las historias. Descúbrelo ahora