Zawgyi (50)

571 34 4
                                    

အမုန်းသားလေးကိုပွေ့ချီပြီးလွန်ခဲ့သောနှစ်တွေကအမုန်းနေထိုင်ခဲ့သောအခန်းလေးဆီသို့ဝင်လာခဲ့သည်။ သို့သော်အခန်းတံခါးကိုဖွင့်လိုက်သည်နှင့်အမုန်း၏နှုတ်ခမ်းလေးမှာအံ့ဩမှုကြောင့်ဝိုင်းစက်သွားရသည်။ အခန်း၏အပြင်အဆင်သည်အရင်ကနှင့်လားလားမှမတူတော့ပေ။ အရင်ကမွေ့ယာကလည်းနှစ်ယောက်အိပ်ဖြစ်သော်လည်း ယခုမှု King Size မွေ့ယာထူထူကြီးကကြည့်ရုံနှင့်အိစက်နေမှန်းသိသာကာ အဖြူရောင်ပေါ်မှာငွေရောင်ချည်မျှင်များဖြင့်အမုန်းအကြိုက်ဆုံးဇီဇဝါပန်းပုံများထိုးသောအိပ်ရာခင်းများခေါင်းအုံးများနှင့်ခြုံစောင်အိစက်စက်ကြီးများကိုအစားထိုးထားလေသည်။ ကုတင်အောက်ခြေတွင်လည်းအဖြူရောင်သားမွှေးကော်ဇောကြီးကိုခင်းထားသဖြင့်နင်းရက်စရာတောင်မရှိ။

ထို့အပြင်ကုတင်ကြီးနှင့်မလှမ်းမကမ်းနေရာတွင်လည်းကလေးအိပ်ကုတင်အသေးစားကိုလည်းထည့်သွင်းပေးထားကာ ထိုနေရာလေးတွင်တော့မျက်နှာကျက်မှတွဲလွဲကျနေသောအရုပ်လေးများနှင့်အတူကုတင်သေးသေးလေး၏အောက်ခြေပတ်ပတ်လည်တွင်လည်းအိစက်နေသောအခင်းများနှင့်အရုပ်များကိုလည်းချထားသေးသည်။ တစ်ခန်းလုံးကိုခြုံကြည့်လိုက်လျှင်အရင်ကနှင့်လားလားမျှမတူတော့သောကြောင့် အမုန်းခပ်ချဉ်ချဉ်တွေးမိသေးသည်။

' လူတွေများသူတို့အလိုရှိတော့ဆက်ဆံပုံကတစ်မျိုး အလိုမရှိတော့ဆက်ဆံပုံကတစ်မျိုးတတ်လည်းတတ်နိုင်ကြပါတယ် '

ရင်ခွင်ထဲကသားလေးကတော့ခရီးပန်းလာလို့ထင်သည် သူ့လက်မလေးကိုစုပ်ပြီးမှိန်းနေလေပြီ။ သားလေးကိုပွေ့ချီရင်းမှအခန်းတွင်းသို့လမ်းပတ်လျောက်လိုက်တော့လုံးလုံးအိပ်မောကျသွားလေပြီ။ အပူအပင်ကင်းစွာအိပ်မောကျနေသောသားလေးကိုကြည့်ကာအမုန်းသက်ပြင်းချမိသည်။ နှုန်းချင်ချင်ဖြစ်နေတာတွေပျောက်သွားရအောင်ရေချိုးရန်အတွက်သားလေးကိုကုတင်သေးသေးပေါ်သို့ချသိပ်ကာရေချိုးခန်းထဲသို့ဝင်လာလိုက်တော့သည်။ ရေချိုးပြီးနောက်အဝတ်အစားလဲကာသူ့အဝတ်တွေကိုနေရာချရန်အတွက်နံရံကပ်ဗီရိုကြီးကိုဆွဲဖွင့်လိုက်တော့အမုန်းမှာဒုတိယအကြိမ်မျက်လုံးပြူးရပြန်သည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now