(14). ငရဲတွင်ရှင်သန်ခြင်း

3.6K 193 1
                                    

မျက်စိရှေ့တွင်ဖုန်အလိမ်းလိမ်းတက်နေသောပစ္စည်းအချို့ရှိ​နေသောအလင်းရောင်ခပ်မှိန်မှိန်ဖြင့်အခန်းငယ်လေးကိုကြည့်ပြီး အမုန်းသက်ပြင်းချမိသည်။

အခုချိန်မှစလို့ဤနေရာသည်သူနေထိုင်ရမည့်နေရာဖြစ်၍အရင်ဆုံးသန့်ရှင်းရေးလုပ်ရန်စဥ်းစားမိ၍လွယ်အိတ်လေးကိုတစ်နေရာသို့ချိတ်လိုက်ကာလိုအပ်သောပစ္စည်းများကိုရနိုင်ရန်ဒေါ်စန်းဆီသို့သာသွားလိုက်သည်။

ထိုအမျိုးသမီးကိုယ်တိုင်ပြောသောစကားများအရအခုချိန်ဆိုလျှင်စံအိမ်ကြီးအနောက်ဖက်ပန်းခြံငယ်လေးတွင်ပန်းပင်များကိုပြုစုနေလောက်မည်မို့ ထိုနေရာသို့အသွားလမ်းတစ်လျှောက်တွင်တွေ့ရသောအစေခံအချို့၏အထင်သေးသောအကြည့်များနှင့် တီးတိုးပြောသောစကားများကြောင့်အမုန်းအံကိုသာတင်းတင်းကြိတ်မိသည်။

ထိုကဲ့သို့သောအကြည့်များ၊ အပြုအမူများနှင့်အပြောအဆိုများကိုအမုန်းငယ်ငယ်ထဲကပင်ကျင့်သားရပြီးသားမို့အထွေအထူးလုပ်လို့စိတ်မကွက်သော်လည်း ကိုယ်တောင်မသိခဲ့ရသောကိစ္စတစ်ခုအတွက်ဤကဲ့သို့ဆက်ဆံခံခြင်းအပေါ်နည်းနည်းတော့စိတ်နာမိသည်။ သို့သော်ပတ်ဝန်းကျင်ကထမင်းကျွေးမည်မဟုတ်။ သူ့လိုလူအတွက်ထမင်းတစ်နပ်၊ ကျောခင်းဖို့နေရာတစ်ခုမျှဖြင့်လုံလောက်ပြီ။ ထို့ကြောင့်ပန်းပင်တွေမှအကိုင်းတစ်ချို့ကိုဖြတ်ထုတ်နေသောဒေါ်စန်းကိုတွေ့သည်နှင့်..

" အဒေါ်ကျွန်တော်နေမယ့်နေရာကိုသန့်ရှင်းရေးလုပ်ဖို့အတွက်ပစ္စည်းနည်းနည်းလောက်များရနိုင်မလား "

" ရပါတယ်ခဏနေရင်တစ်ယောက်ယောက်နဲ့ပို့ခိုင်းလိုက်မယ် ဒါနဲ့ဒီစံအိမ်မှာနေဖို့မင်းအနေနဲ့ဘာတွေများတက်ကျွမ်းလဲအဒေါ်ဆိုလိုတာက ထမင်းချက်၊ ဥယျဥ်မှူး၊ သန့်ရှင်းရေး အဲ့လိုဟာတွေပြောတာပါ "

" ဟုတ်ကဲ့အကုန်လုပ်နိုင်ပါတယ် အချက်အပြုတ်၊ အလျော်အဖွတ် ၊ အပင်တွေထိန်းသိမ်းတာအကုန်လုံးရပါတယ် "

" ဟုတ်ပါပြီကွယ် အဒေါ်သခင်လေးကိုပြောလိုက်ပါ့မယ် ဒီနေ့တော့မင်းနေရာကိုပဲအဆင်ပြေအောင်လုပ်လိုက်ပါ မင်းကိုသခင်လေးကဘယ်နေရာမှာခိုင်းမလဲဆိုတာမသိသေးဘူး သူခေါ်တဲ့အချိန်အဆင်သင့်ဖြစ်အောင်လုပ်ထားနော် "

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now