(62)

4.1K 217 5
                                    

မီးလောင်မှုမဖြစ်ပွားခင်တစ်နာရီအလို 9AM;

ရာဇသွေးမာန်တစ်ယောက်တည်ငြိမ်စွာဖြင့်ထိုင်နေသော်လည်းသူ့စိတ်ထဲတွင်ပူလောင်နေရသည်ကိုတော့သူသာသိမည်။ အချိန်အတော်ကြာအောင်စဥ်းစားနေပြီးမှသူ့ရဲ့လက်ရုံးဖြစ်သောRoyal Blood ဂိုဏ်း၏ဒုခေါင်းဆောင်ကိုရုံးခန်းထဲသို့ခေါ်လိုက်သည်။

" အမုန်းရဲ့ဖိနပ်ထဲမှာထည့်ထားတဲ့ခြေရာခံစက်ကိုစစ်ကြည့်လိုက် "

" ဟုတ်ကဲ့ပါ အုပ်ချုပ်သူ "

ဒုခေါင်းဆောင်ဖြစ်သူသည်အမုန်း၏ဖိနပ်ထဲကခြေရာခံစက်ကိုလိုက်ပြီးခြေရာခံကြည့်လိုက်တော့တည်နေရာသည် 'Y'မြို့တော်၏အစွန်အဖျားတွင်ရှိသောဆင်းရဲသားရပ်ကွက်တွင်ရပ်သွားလေသည်။

" အစ်ကိုလေးအခုဘယ်မှာရှိနေမှန်းသိရပါပြီ"

" အင်း..ဘယ်နေရာလဲ "

"Y မြို့တော်အစွန်အဖျားမှာတည်ရှိတဲ့ဆင်းရဲသားရပ်ကွက်မှာပါ..​အတိအကျပြောရမယ်ဆိုရင်အစ်ကိုလေးရဲ့ဖခင်ဦးကောင်းကင်မိုးရဲ့နေအိမ်မှာပါ "

အမုန်းကအဲ့နေရာကိုဘာသွားလုပ်တာပါလိမ့်။ ပြီးတော့ပမာဏမနည်းသောပိုက်ဆံတွေကိုလည်းယူသွားသေးသည်။ မဟုတ်မှလွဲလို့ ဟိုသားအဖများသူမသိခင်မှာအမုန်းဆီကငွေညှစ်နေတာလား။ အဲ့လိုသာမဟုတ်ရင် ထိုသားအဖကိုစိတ်နာနေသောအမုန်းကအဲ့လောက်ငွေတွေကိုဒီအတိုင်းပေးလိမ့်မည်မဟုတ်ပေ။ နူးညံ့သယောင်ထင်ရသောထိုကောင်လေးစိတ်မာပြီဆိးုလျှင်လိုက်မမှီနိုင်ကြောင်းမှာသူ့ကိုယ်တွေ့ပင်ဖြစ်သည်။ အကယ်၍များသူ့ရဲ့အမုန်းလေးကသူတွေးထားသလိုခြိမ်းခြောက်ပြီးငွေညှစ်ခံနေရတာဆိုလျှင်ထိုသားအဖကိုသူလုံးဝအလွတ်မပေးနိုင်။

" အင်းငါသိပြီ... ဦးကောင်းကင်မိုးတို့နောက်လွှတ်ထားတဲ့လူဆီကနေဒီရက်ပိုင်းအဲ့ဒီ့သားအဖဘယ်လိုအခြေအနေရှိလဲမေးလိုက် "

" အမိန့်အတိုင်းပါ အုပ်ချုပ်သူ "

သိပ်မကြာသောအချိန်အတွင်းမှာပဲ သူ့ဒုခေါင်းဆောင်ကမျက်စိမျက်နှာပျက်ပြီးသူ့ကိုတင်ပြလာလေသည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now