(37)Mature content

4.5K 195 4
                                    

" မင်းဒီမှာဘာလုပ်နေတာလဲ ရင်ခွင်မုန်း "

ရုတ်တရက်ကြီးနောက်ကျောမှနေ၍နားထဲသို့လေသံဖြင့်ကပ်ပြောခံလိုက်ရ၍ အမုန်းကိုယ်လေးဆတ်ခနဲတုန်သွားသည်အထိလန့်သွားရသည်။

" ဦးရာဇသွေးမာန် "

" အေးဟုတ်တယ်ငါ မင်းလင်လေ မှတ်မိလို့မှတော်သေးတာပေါ့ လာခဲ့အခုအိမ်ပြန်မယ် "

စလာထဲကလူကိုမျက်ထောင့်နီကြီးများနှင့်စိုက်ကြည့်ကာလက်ကောက်ဝတ်မှဆောင့်ဆွဲခေါ်နေတာကြောင့် အမုန်းလက်လေးတွေနာကျင်လာရသဖြင့်ရုန်းမိတော့ နှစ်ဆပိုသောအင်အားမျိုးဖြင့်ဆုပ်ကိုင်လာသဖြင့် မျက်ရည်များပင်စို့လာရသည်။ စိတ်အခြေအနေမကောင်းသောဓာတ်ခံလေးနှင့်ပါပေါင်းတော့ အမုန်းမျက်နှာသည်ငိုမဲ့မဲ့လေးဖြစ်လာရကာစိတ်လည်းတိုလာသဖြင့်အားစိုက်ပြီးရုန်းပစ်လိုက်သည်။ သို့သော်မလွတ်ပေ။

နှစ်ယောက်သားတစ်ယောက်ကရုန်းလိုက်တစ်ယောက်ကဆွဲလိုက်ဖြင့်ရုန်းရင်းဆန်ခတ်ဖြစ်လာတော့ကြားထဲကလှိုင်းခတ်သံကမနေနိုင်တော။ အမုန်းကြည့်ရသည်မှာလည်းအတော်လေးနာကျင်နေသည့်ပုံပေါက်သည်မို့ ဦးရာဇသွေးမာန့်အားဖြောင်းဖျဖို့ကြိုးစားမိသည်။

" ကိုရာဇသွေးမာန်ခင်ဗျ ပြောစရာရှိရင်အေးအေးဆေးဆေးပြောပါ့လားဗျာ အမုန်းလက်ကိုလွှတ်လိုက်ပါ မဟုတ်ရင်တောင်သူ့ခမျာဆေးသွင်းထားရတဲ့နေရာတွေကနာနေမှာဗျ "

ကိုယ်ပိုင်ဆိုင်သောလူတစ်ယောက်အပေါ် ကိုယ့်ထပ်ပိုပြီးဂရုစိုက်ပြနေသောကောင်ကြောင့်ရာဇသွေးမာန်၏မျက်နှာချောချောကပိုမို၍တင်းမာလာကာ ရင်ခွင်မုန်းကိုသာဆောင့်ဆွဲခေါ်ဖို့သာကြိုးစားနေသည်။ ကြာလာတော့ရင်ခွင်မုန်းမခံနိုင်တော့။

" ဦးရာဇသွေးမာန် အမုန်းလက်ကိုလွှတ်ပေးပါ "

" မင်းပါးစပ်ကိုပိတ်ထားလိုက်ရင်ခွင်မုန်း..မင်းကဘာမှန်တာတွေများလုပ်ထားလို့ငါ့ကိုဟိုလိုလုပ်ပါဒီလိုလုပ်ပါနဲ့လာပြောနေရတာလဲ အခုချက်ချင်းအိမ်ပြန်မယ် လာခဲ့ "

ပြောရင်းဆိုရင်းရှေ့မှခြေလှမ်းကြဲကြီးတွေနဲ့ထွက်ခွာသွားသောဦးရာဇသွေးမာန်ကြောင့်အမုန်းမှာတရွတ်တိုက်ဆွဲမတတ်လိုက်ပါသွားရသည်။ လှိုင်းခတ်သံကလည်းကြည့်နေရုံသာတတ်နိုင်လေသည်။ ဘယ်လိုပြောပြောသူတို့ကတရားဝင်လင်မယားတွေကြောင့်သူ့မှာဝင်ပြီးစွတ်ဖက်ပိုင်ခွင့်မရှိ။ အစောနလေးတင်ဦးရာဇသွေးမာန်ထံမှရင်ခွင်မုန်းနှင့်ဝေးဝေးနေဖို့ခြိမ်းခြောက်သောအကြည့်ကိုလက်ခံရရှိထားသည်မလား။
.
.
.
.

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now