(18) ရယူခြင်း ( Mature Content)

4K 198 4
                                    

ည၁၂ နာရီသာကျော်သွားသည်အမုန်းအခုထိမအိပ်ရသေးပေ။ အမုန်းအလုပ်တွေမပြီးသေးလို့မဟုတ်ဘဲ အခုချိန်ထိပြန်မလာသေးသောဦးရာဇသွေးမာန်ကိုစောင့်နေရခြင်းပင်။ အမုန်းဆန္ဒရှိလို့စောင့်နေရသည်တော့မဟုတ် ဒေါ်စန်းက သူမနေမကောင်း၍သခင်လေးပြန်လာမည့်အချိန်ထိစောင့်ကာ လိုအပ်သောပြုစုမှုကိုပေးရန်အတွက်ခိုင်းလာသောကြောင့် စောင့်နေခြင်းပင်။

ရာသီဥတုကအနည်းငယ်အေးလာသည့်အတွက်အမုန်းလည်းချည်ထည်ခြုံစောင်လေးတစ်ခုကိုခြုံကာ မပြီးသေးသောအော်ဒါများကိုအချိန်မီပေးနိုင်ရန်အတွက် ချည်ထိုးရင်းထိုင်စောင့်နေလိုက်သည်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့။ ဒီအိမ်ကိုရောက်လာပြီးတစ်ပတ်လောက်ကြာသည်အထိအမုန်းချည်ထိုးခြင်းအလုပ်ကိုမလုပ်ကိုင်နိုင်ပါ။ ဦးရာဇသွေးမာန်၏ရှာကြံခိုင်းတတ်မှုကြီးကြောင့်ညအတော်နက်မှသာအမုန်းအလုပ်တွေအကုန်ပြီးသည်။ အလုပ်ပြီးသော်လည်းပင်ပန်းသည့်အတွက်ချည်မထိုးနိုင်ဘဲတန်းအိပ်ပျော်သွားသည်ကများသည်ကိုး။

နောက်ပိုင်းတော့အမုန်းလည်းပါးနပ်လာသည်။ ဦးရာဇသွေးမာန်၏အကြိုက်ကိုသိလာ၍သူခိုင်းစရာမလိုလောက်အောင်အလုပ်တွေကိုကြိုလုပ်ထားပြီးမျက်နှာချင်းမဆိုင်မိအောင်အတတ်နိုင်ဆုံးနေသည်။ နေ့အချိန်တွင် ဦးရာဇသွေးမာန်ကအလုပ်သွားသောကြောင့် ထိုအချိန်မှာအလုပ်တွေအကုန်ပြီးမြောက်အောင်လုပ်ပြီး ညစာစားပြီးသည်နှင့်အမုန်းနေထိုင်ရာ ကားဂိုထောင်လေးဆီသို့ပြန်ပြီးချည်ထိုးလိုက်တော့သည်။

ချည်ထိုးခြင်းအလုပ်ကိုအမုန်းစွန့်လွှတ်၍မဖြစ်ပါ။ ဒီအလုပ်မှရသောဝင်ငွေသည်မဆိုးလှ။အမုန်းပိုက်ဆံကိုရသလောက်စုရမည်။ အချိန်တစ်ခုရောက်လာလျှင်ဦးရာဇသွေးမာန်ကအမုန်းကိုမောင်းထုတ်မည်ဆိုတာပြောစရာတောင်လိုမနေ။ ကြီးကြီးတို့ကလည်းအမုန်းလိုလူကိုပြန်လက်ခံမှာမဟုတ်ပေ။ ဒါလည်းသူတို့ကိုအပြစ်မတင်နိုင်။ အမုန်းကိုမွေးထုတ်ခဲ့သည့်မိခင်ကပင်မလိုချင်သောအမုန်းလိုလူကို ဘယ်လိုလူကလိုချင်ပါ့မလဲ။

အမုန်းဒီကထွက်သွားရသည့်အချိန်ရောက်ရင်စုထားသည့်ပိုက်ဆံလေးနှင့်အေးချမ်းပြီးသိပ်မစည်ကားသောမြို့ငယ်လေးတစ်ခုမှာအိမ်ငှားနေမည်။ ပြီးရင် crochet shop လေးတစ်ဆိုင်ဖွင့်မည်။ အခြေကျသွားလို့ငွေနည်းနည်းစုမိသွားရင် အမုန်းလိုအချစ်မခံရပါဘဲ စွန့်ပစ်ခံထားရသည့်မိဘမဲ့ကလေးတစ်ယောက်မွေးစားကာ ချစ်ပေးမည်။ အကောင်းဆုံးပြုစုပျိုးထောင်ပေးမည်။ ဒါဟာအမုန်း၏အနာဂတ်အတွက်စိတ်ကူးလေးပင်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedOnde histórias criam vida. Descubra agora