Beta-3

5.5K 532 9
                                    

[Zawgyi]

ကင်မ်ထယ်ယောင်း ကျောင်းခန်းထဲမှာ ဆရာမ သင်တာတွေ ကို စိတ်ဝင်စားချင်ယောင်ဆောင်ပြီး နားထောင်နေတယ် ။ တကယ်တော့ အရှေ့ကို ကြည့်နေပေမဲ့ ကင်မ်ထယ်ယောင်း မျက်လုံးထဲမှာ ဘာမှ မမြင်တော့ဘူး ။ အရမ်းလေးလံနေတဲ့ မျက်ခွံတွေ ကို အတင်းဖွင့်ထားရတာ မို့ အဆင်ပြေမနေဘူး ။ ဆရာမ က သင်နေတာတွေ လည်း တစ်လုံးမှ မကြားဘူး ။ ဒါပေမယ့် ဘေး က လူ က ကြည့်ရင်တော့ ကင်မ်ထယ်ယောင်း က စာကို သေချာအာရုံစိုက်ပြီး နားထောင်နေတယ် လို့ပဲ မြင်ကြမှာပါ ။ ဒါကတော့ ကင်မ်ထယ်ယောင်း ရဲ့ အရည်အချင်းတွေထဲ က တစ်ခုပါပဲ ။

ဆရာမ ထွက်သွားတော့မှ ခေါင်း ကို စာရေးခုံပေါ် မှောက်ချလိုက်တယ် ။ ငါး မိနစ်လောက် ကောင်းကောင်း အိပ်ပါရစေ လို့ စိတ်ထဲက ပြောပြီး မျက်လုံးတွေ မှိတ်လိုက်တယ် ။

"ဟေ့ရောင် ထ ထ ဟေ့ရောင် ထ လေကွာ"

ဘေးနား ကနေ လက်မောင်း ကို လှုပ်ပြီး နှိုးနေတာ မို့ ကင်မ်ထယ်ယောင်း မထချင် ထချင် နဲ့ ထရတယ် ။

"ဝါးးးးးးဘာလုပ်ဖို့လဲ ဂျီမင်း"

"နေ့လည်ဘက် ရောက်နေပြီ မြိုရမယ့် အချိန်လေ နောက်ကျရင် ဗိုက်ဟောင်းလောင်း နဲ့ နေ နေရမယ် ထ ထ"

"မင်းကလည်းကွာ ကိုယ့်ဘာသာ သွားစားတာ မဟုတ်ဘူး ငါ အိပ်နေတာကို နှိုးရလား"

"ဟုတ်ကဲ့ ကျနော်မျိုးကြီး မှားပါတယ် မနှိုးရင်လည်း အပြစ် က ပြောဦးမယ် အခု နှိုးတော့လည်း အပြစ်ပြောသေးတာပဲ ထယ်ယောင်း ထယ်ယောင်း မင်း ကို သူငယ်ချင်း တော်မိတဲ့ ငါမှားတာပါကွာ"

"အာာာ နားငြီးလိုက်တာ အခုသွားမယ် တကယ်ပါပဲ Beta တွေ က စကားအဲ့လောက် များလို့လား"

"ဪ အေးပါ မင်း ကတော့ Beta မဟုတ်ရှာဘူး ဆိုတော့လည်းးးး"

ကင်မ်ထယ်ယောင်း ရဲ့ သူငယ်ချင်းလေး ပတ်ခ်ဂျီမင်း ဟာ အရပ်ကလေး ပုသလောက် စကားကတော့ တော်တော်များပါတယ် ။ တော်တော်လည်း ပွားနိုင်ပါတယ် ။

Canteen ရောက်တော့ နေ့လည်စာ သွားယူလာပြီး ထောင့်စွန်း စားပွဲမှာ ထိုင်စားကြတယ် ။ ကင်မ်ထယ်ယောင်း ထမင်း ကို စိတ်မပါတပါ စားနေရင်း မြင်ကွင်းထဲ ဝင်လာတဲ့ ‌ဖြူဖြူနွဲ့နွဲ့ ကောင်‌ချော လေးတစ်ယောက် ။ ကင်မ်ထယ်ယောင်း ရင်ဘတ်ထဲ က ဒိတ် ကနဲ  ဖြစ်သွားသလား လို့ ။ ဒါက ကင်မ်ထယ်ယောင်း အစ်ကို တွေ ပြော‌ ပြောနေကျ အချစ် ဆိုတာ ကြီး များလား ။ ဘုရား ဘုရား ဒါဆို ကင်မ်ထယ်ယောင်း က အချစ် ကို တွေ့ပြီပေါ့နော် ။

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now