Beta-26

3.8K 399 14
                                    

[Zawgyi]

ကင်မ်ထယ်ယောင်း လမ်းလျှောက်လာတာ ကို ကားအနက်လေးထဲကနေ ပတ်ခ်ဘိုဂမ် မြင်နေရတယ် ။ ဒီနေ့ အိမ်က သူတွေ မအားတာမို့ ပတ်ခ်ဂျီမင်း ကို လာကြိုပေးရတယ် ။ အကုန်လုံးက ကင်မ်ထယ်ယောင်း ကို သည်းသည်းလှုပ်ချစ်တာလည်း အပြစ်တော့ မဟုတ်ဘူး လို့မြင်တယ် ။ ကင်မ်ထယ်ယောင်း က ချစ်စရာကောင်းပြီး သိပ်ပဲမများတတ်တဲ့ Beta လေးကိုး ။ သိပ်ပဲမများတတ်ဘူး လို့ ပြောတာက အိမ်က အငယ်ဆုံး ပတ်ခ်ဂျီမင်း က ကျောင်းသွားခါနီး အပြင်ထွက်ခါနီး စတိုင်လ် အရမ်းထုတ်တယ် ။
ကျောင်းရောက်လို့ ကားပေါ်က ဆင်းခါနီးဆို ရင် ပိုဆိုးတယ် ။ ၁၀ မိနစ်လောက် ကားထဲက မှန် ကို ကြည့်ပြီးမှ ဆင်းတယ် ။ ဒါကြောင့် ပတ်ခ်ဂျီမင်း ကို ပတ်ခ်ဘိုဂမ် ကျောင်း  လိုက်မပို့တာကြာပြီ ။  အလတ်ကောင် ကတော့ စိတ်ရှည်သည်းခံတတ်တဲ့ Alpha ဆိုတော့ ပတ်ခ်ဂျီမင်း ကို ကျောင်းပို့ ကျောင်းကြို လုပ်‌ပေးတယ် ။
ကဂ်မ်ထယ်ယောင်း က ရယ်လိုက်ရင်လည်း တော်တော် ချစ်စရာကောင်းတာပဲ ။ ဒါကြောင့် ကင်မ်ဆော့ဂျင် တို့ က Beta လေး Beta လေး နဲ့ ဖြစ်နေတာ ဖြစ်မယ် ။ အင်းပေါ့ တကယ်လို့ ကင်မ်ဆော့ဂျင် က ပတ်ခ်ဘိုဂမ် ကိုသာ ဦးစားပေးခဲ့မယ် ဆိုရင် ပတ်ခ်ဘိုဂမ် လည်း ကင်မ်ထယ်ယောင်း ကို ညီလေး လို ချစ်မိမှာပဲ ။ အခုကျတော့ ပတ်ခ်ဘိုဂမ် မျက်လုံးထဲ အမြင်ကတ်စရာကောင်းတဲ့ ဂြိုဟ်ဆိုးလေး လို့ မြင်နေတယ် ။

ကင်မ်ထယ်ယောင်း ကို ဒီနေ့ ဂျွန်ဂျောင်ကု က လာမကြိုနိုင်တာမို့ ကင်မ်ဆော့ဂျင် က လာကြိုတယ် ။
ကားဟွန်း ကို ၂ ချက် တီးပြီး အချက်ပြတော့ ရယ်ပြီး ကားဆီကို ပြေးလာတဲ့ ကင်မ်ထယ်ယောင်း ကြောင့် သဘောတကျ နဲ့ ကင်မ်ဆော့ဂျင် ရယ်တယ် ။ အဲ့ဒါလေး က ပထမနှစ်တက်ပြီးရင် လက်ထပ်ရတော့မယ်တဲ့ ။ ကင်မ်ဆော့ဂျင်တော့ အစ်ကို ၁ လို့ ခေါ်သံလေး ကို ကြိုလွမ်းနေမိတယ် ။
အခုလက်ရှိတော့ ကားထဲ ရောက်တာနဲ့ ကင်မ်ထယ်ယောင်း က အစ်ကို ၁ လို့ခေါ်ပြီး စတင်ပူဆာတယ် ။

"အစ်ကို ၁ မြို့ပြင် မှာ ကားလျှောက်မောင်းရအောင် ကျနော်တို့ အတူတူ ကား လျှောက်မမောင်းရတာ ကြာပြီ"

"အဟင်း ပြော မှ ပြောပါ့မလား လို့ စိုးရိမ်နေတာ"

"ဘာလဲ အစ်ကို ၁ နော် ကျနော် ကို ငြိုငြင်တာလား"

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now