Beta-4

4.9K 460 15
                                    

[Zawgyi]

ဂျွန်ဂျောင်ကု Company အလုပ်တွေ တအားရှုပ်နေတဲ့ကြား က ဂျွန် အိမ်တော် က mate ရှာဖို့ ကိစ္စ ကို အတင်းဖိအားပေးလာတာမို့ ခေါင်းခဲနေရတယ် ။  တခြား Alpha တွေ က 18 နှစ် ပြည့်ပြီးတာ နဲ့ mate အသီးသီး တွေ့ကြ ပေမဲ့ ဂျွန်ဂျောင်ကု ကျ မှ mate က ဘယ်နား ရောက်နေမှန်း မသိပါ ။ ဂျွန်ဂျောင်ကု ရဲ့ နှလုံးသား ကလည်း ထူးဆန်းစွာပင် အေးစက်နေတယ် ။
Mate ဆိုတာကလည်း အတင်းအကျပ် ဖိအားပေး ရှာဖွေ လို့ ရတာမျိုး လည်း မဟုတ်တာမို့ ဂျွန်ဂျောင်ကု အကြပ်ရိုက်နေတယ် ပဲ ပြောရမယ် ။ ဂျွန်ဂျောင်ကု ကလေးလေး (F8 Sipder) ကို လည်း ဒီနေ့ ကားဝပ်ရှော့ က သွားခေါ်ရဦးမယ် ။

ကင်မ်ထယ်ယောင်း အတန်းထဲမှာ စာလိုက်နားထောင်ချင်ယောင် ဆောင်နေရင်း နေ့လည် မြန်မြန် ရောက်ချင်နေတယ် ။ မနက် ကျောင်းရောက်လာကတည်း က နေ့လည် ပတ်ခ်ဂျီဟွန်း ဆီ ကို သွားရန် ပတ်ခ်ဂျီမင်း ကို အဖော်ကြိုစပ်ထားပြီးသား ဖြစ်တယ် ။ ဒါကြောင့်ဖို့ တအားတွေ နေ့လည် မြန်မြန်ရောက်ချင်နေတာပင် ။

နေ့လည် ကျောင်းခေါင်းလောင်း ထိုးလိုက်တာ နဲ့ ကင်မ်ထယ်ယောင်း လွယ်အိတ်ကောက်လွယ်ပြီး ပတ်ခ်ဂျီမင်း လက် ကို ဆွဲကာ Omega အဆောင်ဘက်ဆီ ပြေးတော့တယ် ။ ရောက်ခါနီးကျမှ ခြေလှမ်းတွေ အရှိန်လျှော့ကာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဟိုပုတ်ဒီပုတ် လုပ်ပြီး စတိုင်လ် နဲ့ လမ်း လျှောက်သွားတယ် ။ အတန်းထဲက ထွက်လာတဲ့ Omega ပတ်ခ်ဂျီဟွန်း ကို မြင်တော့ နှုတ်ခမ်းထောင့်စွန်းလေး ကွေးရုံ ယောင်ယောင်လေး ပြုံးတယ် ။ အခုဆိုရင်တော့ စတိုင်လ်ကျ ချောမောတဲ့ Beta လေး က Omega အလှလေး ဘေးနား မှာ စကား လိုက်ပြောနေတယ် ။

"ဟေး Omega လေး အခု ဘယ်သွားမလို့လဲ"

"Canteen သွားမလို့လေ Beta လေး ရဲ့"

"အဟွန်း ဟွန်း ထယ်ယောင်း ကင်မ်ထယ်ယောင်း ပါ Beta လေး မဟုတ်ဘူး"

"ကျနော့် ကို ကျတော့ Omega လေး လို့ ခေါ်ပြီးတော့ Beta လေး ကလည်း"

"ဪ ဒါကတော့ ဒီက ချစ်စနိုး လေး နဲ့ ခေါ်တာကို"

"ကျနော်လည်း Beta လေး လို့ ချစ်စနိုးခေါ်တာလေ"

"ဟာ Omega လေး ကလည်း"

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now