Beta-5

4.8K 449 16
                                    

[Zawgyi]

ယူဆွန်းဟို ရဲ့ ရွှေညိုရောင် Bugatti Chiron ကား က Royal Education High School ရှေ့မှာ ရပ်သွားတယ် ။

ကျောင်းဆင်းချိန်လောက် မှန်းပြီးတော့ ငယ်သူငယ်ချင်းလေး ကို Surprise လာလုပ်တာ ။ ယူဆွန်းဟို စီးလာတဲ့ Chiron ကတော့ဂျွန်ဂျောင်ကု ရဲ့ ကား ပဲ ဖြစ်တယ် ။ ကားတွေ ဆို သည်းသည်းလှုပ် ရူးသွပ်နေတဲ့ ဂျွန်ဂျောင်ကု  အလုပ်သွားတော့မှ ညကတည်း က ခိုးထားတဲ့ ကားသော့ ကို ယူက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကျောင်းဆင်းချိန်လောက် မှန်းပြီးတော့ ငယ်သူငယ်ချင်းလေး ကို Surprise လာလုပ်တာ ။ ယူဆွန်းဟို စီးလာတဲ့ Chiron ကတော့ဂျွန်ဂျောင်ကု ရဲ့ ကား ပဲ ဖြစ်တယ် ။ ကားတွေ ဆို သည်းသည်းလှုပ် ရူးသွပ်နေတဲ့ ဂျွန်ဂျောင်ကု  အလုပ်သွားတော့မှ ညကတည်း က ခိုးထားတဲ့ ကားသော့ ကို ယူကာ တမြို့လုံး ပတ်မောင်းနေတာ ဖြစ်တယ် ။  ဇီဇာကြောင်လွန်းလို့ ကြိုက်မယ့်သူ မရှိ ဖြစ်နေတဲ့ အစ်ကို တဝမ်းကွဲ ကို ယူဆွန်းဟို က mate မြန်မြန်တွေ့စေချင်ပါတယ် ။ ဒါကြောင့် သူငယ်ချင်း ဆီ လာတာဆိုလည်း ဟုတ်တယ် ။

ကျောင်းဝင်းထဲက အလျိုလျို ထွက်လာကြတဲ့ သူတွေ ထဲကမှ သူငယ်ချင်း ဖြစ်သူ ကို မျက်လုံးဝေ့ပြီး ရှာလိုက်တယ် ။ ရှာရတာ သိပ်တော့ မခက်ပါဘူး Omega အချောလေး မို့ ထင်းထွက်နေတဲ့ ပတ်ခ်ဂျီဟွန်း ကို အလွယ်တကူ တွေ့တယ် ။ အပြင်ကနေ ကားတံခါးဖွင့်ပြီး ဟွန်း လေးချက်လောက် ဆက်တိုက်တီးတော့ အာရုံတွေ က ယူဆွန်းဟို ဆီ ရောက်လာတယ် ။ ယူဆွန်းဟို ကို မြင်သွားတဲ့ ပတ်ခ်ဂျီဟွန်း က ၁၅ စက္ကန့်လောက် ငြိမ်သက်နေပြီး မှ ပြေးဖက်တယ် ။

"‌ဖြည်းဖြည်း ဖက်ပါကွာ ဂျီဟွန်း ရယ် မင်း က နာမည်ကြီးလေး ဖြစ်နေတယ်ပေါ့ ဟုတ်လား"

"ဒီလိုပါပဲကွာ မင်း ဘယ်တုန်းက ရောက်တာလဲ ဆွန်းဟို"

"မနေ့ကမှ ရောက်တာပါ ဒါနဲ့ မင်း mate တော့ မရသေးဘူးမလား"

"ရခါနီးပြီ ပြောရမလားပဲ အဟား ဟား"

"ငြင်ငြင်သာသာ ရယ်စမ်းပါ Omega ဖြစ်ပြီးတော့"

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now