Beta-10

4.3K 458 16
                                    

[Zawgyi]

"မင်ဟူ ဆွန်းမင်ဟူ ပါ ကျနော့် ရဲ့ mate ပါ ဂျပန် မှာ တည်းတဲ့ Hotel မှာပဲ တွေ့ခဲ့တာ   ဒါကြောင့် တခါတည်းခေါ်လာတာပါ အမေ"

Luna နဲ့ ကင်မ်နမ်ဂျွန်း တို့ နှစ်ယောက်တည်း သာ ပြောဆိုနေကြတဲ့ စကားဝိုင်း ကို အကုန်လုံး က အာရုံစိုက် နားထောင်နေကြတယ် ။

"မေမေ က သားလတ် ကို အပြစ်တင်ချင်လို့ မေးတာ မဟုတ်ပါဘူး ဒီ Omega လေး ရဲ့ မိဘတွေ ကို ခွင့်တောင်းရမယ်လေ သားလတ်ရဲ့  Alpha ဟာ ခွန်အားကြီးရုံ မဟုတ်ဘဲ ဉာဏ်ပညာ နဲ့ ဆင်ခြင်တုံတရား ပါ ကြီးရမယ် လို့ မေမေ ဆုံးမထားတယ်မလား"

"အဲ့ဒါကြောင့်ပါပဲ အမေ ကျနော် Rut ဝင်ပြီး မင်ဆူ ကို Knot လိုက်မိတယ် ဒါကြောင့် တခါတည်း ခေါ်လာတာပါ ‌အဖေ နဲ့ အမေ က ကျနော်တို့ မင်္ဂလာ ကိစ္စ ကို အမြန်ဆုံး စီစဉ်ပေးဖို့ တောင်းဆိုပါတယ်"

"အေးပေါ့လေ အခုလိုဆိုတော့ အမြန်ဆုံး စီစဉ်ပေးရတော့မှာပေါ့  ဟွန်း ရှင် သား ကို တခုခု ပြောဦးမလား"

ရုတ်တရက်ကြီး ဖြစ်ပျက်သွားတာတွေ မို့ ကင်မ်ဟွန်း အနေနဲ့  ကင်မ်နမ်ဂျွန်း ကို နှမြောတသစိတ်တွေသာ ကြီးစိုးနေတယ် ။ ကင်မ်လုပ်ငန်းစု ကို ဦးစီးဦးဆောင် လုပ်နေတဲ့ သား အားကိုးအားထားရတဲ့ သား မို့ ပိုလို့ နှမြောမိတယ် ။ ကင်မ်နမ်ဂျွန်း က သာ ကိုယ်ပိုင်လုပ်ငန်း အဖြစ် ခွဲထွက်ချင်တယ် ဆိုလည်း ကင်မ်ဟွန်း က ခွဲပေးဖို့ ဆုံးဖြတ်ထားတယ် ။

"သားကြီး က mate အရင်မတွေ့ဘဲ နဲ့ သားလတ် က ရုတ်တရက်ကြီး mate ရှာတွေ့တော့ အဖေ အံ့ဩသွားတယ် ဒါပေမဲ့ မင်္ဂလာကိစ္စ ကို သားရဲ့ mate လေး စိတ်တိုင်းကျ စီစဉ်ပေးမှာပါ ပြီးတော့  ကိုယ့်ဘာသာ ကိုယ် သက်သက်နေချင်တယ် ဆိုလည်း အဖေ က အိမ် လက်ဖွဲ့ပေးမယ် လုပ်ငန်းသက်သက် လုပ်ချင်တယ် ဆိုလည်း အဖေ စီစဉ်ပေးမယ် "

"ကျေးဇူးတင်ပါတယ် အဖေ ဒါပေမဲ့ အဖေ တို့ ခွင့်ပြုမယ်ဆိုရင် ကျနော် ဒီအိမ် မှာပဲ နေပါရစေ လုပ်ငန်းကတော့ ကင်မ်လုပ်ငန်းစု မှာပဲ ကျနော် ဆက်ဦးစီးပေးပါ့မယ် အစ်ကို ၁ က အားလုံး ကျွမ်းကျင်သွားမှ ကျနော် က ဆွန်းလုပ်ငန်းစု ကို ဝင်ဦးစီး မှာပါ အဖေ"

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now