Beta-6

4.3K 443 26
                                    

[Zawgyi]

ကင်မ်ထယ်ယောင်း ကိုယ်တိုင် မောင်းနှင်လာတဲ့ Lamborghini Centenario က ကျောင်းဝင်း ရှေ့မှာ ထိုးရပ်သွားတယ် ။

ဒါပေမဲ့ ကင်မ်ထယ်ယောင်း မျက်နှာ က မကြည်မသာ နဲ့ လငပုပ်ဖမ်းထားသလို မျက်နှာပေး နဲ့ ကားပေါ်က ဆင်းသွားတယ် ။ ဘေးခုံက အစ်ကို ဖြစ်သူ ကို တောင် နှုတ်ဆက် မသွားတာမို့ ကင်မ်နမ်ဂျွန်း က ခေါင်းယမ်းပြီး သက်ပြင်းချတယ် ။ ကင်မ်ထယ်ယောင်း လိုချင်တဲ့ ကား ကို ရသွားပေမယ့်လ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါပေမဲ့ ကင်မ်ထယ်ယောင်း မျက်နှာ က မကြည်မသာ နဲ့ လငပုပ်ဖမ်းထားသလို မျက်နှာပေး နဲ့ ကားပေါ်က ဆင်းသွားတယ် ။ ဘေးခုံက အစ်ကို ဖြစ်သူ ကို တောင် နှုတ်ဆက် မသွားတာမို့ ကင်မ်နမ်ဂျွန်း က ခေါင်းယမ်းပြီး သက်ပြင်းချတယ် ။ ကင်မ်ထယ်ယောင်း လိုချင်တဲ့ ကား ကို ရသွားပေမယ့်လည်း အမေဖြစ်သူ Luna ရဲ့ မလှိမ့်တပတ်တချက်လွှတ် အမိန့်ကြောင့် စိတ်ဆိုးနေတယ် ။ Luna က ကင်မ်ထယ်ယောင်း ကို တစ်ပတ် တရက် ကားမောင်းခွင့်ပေးပေမယ့်လည်း အစ်ကို တစ်ယောက်ယောက်က ဘေး ကနေ အမြဲလိုက်ရမယ် ။ ပြီးရင် ကား ကို ကျောင်းမှာ မထားခဲ့ဘဲ အိမ်ပြန်ယူလာရမယ် ။ ညနေ တခါ အစ်ကို တစ်ယောက်ယောက် က ကျောင်း ကို ပြန်သွားကြို အပြန်ကျမှ ကင်မ်ထယ်ယောင်း က ကား ကို ပြန်မောင်းလာရမယ် ဆိုတော့ တင်းပြီပေါ့ ။ ဒါက ကားမောင်းသင်ပေးတာ နဲ့ ဘာများ ကွာခြားသွားလို့လဲ ။ ပြီးတော့ ကင်မ်ထယ်ယောင်း ကား ဆိုပြီး ကြွားချင်တာ ကို ရော ဘယ်လို ကြွားရပါ့တော့မလဲ ။ Luna ကို ကင်မ်ထယ်ယောင်း တော်တော် စိတ်ဆိုးတယ် ။

အတန်းထဲမှာ ဆူပုပ်ပုပ် မျက်နှာပေး နဲ့ ထိုင်နေတဲ့ ကင်မ်ထယ်ယောင်း ကို ဘေးခုံက ပတ်ခ်ဂျီမင်း က မသိမသာ အကဲခတ်နေတယ် ။ ဝင်လာတည်း က ပတ်ခ်ဂျီမင်း ကိုလည်း အရင်လို စကားမပြောပါ ။ စကားစပြောချင်ပေမဲ့ စိတ်မမှန်တဲ့ ကင်မ်ထယ်ယောင်း ကိုလည်း ကြောက်ရသေးတယ် ။ စိတ်တိုနေတဲ့အချိန်ဆိုရင် ကင်မ်ထယ်ယောင်း က လှည့်ပတ်ရမ်းတတ်တဲ့ အကျင့် ရှိတာကိုး ။
နေ့လည်ဘက် ရောက်တော့လည်း Canteen မသွားဘဲ မှင်သေသေ နဲ့ ထိုင်နေတာမို့ ပတ်ခ်ဂျီမင်း ဘက် က စကား စလိုက်တယ် ။ တစ်ယောက်တည်း ထွက်သွားရင် ပတ်ခ်ဂျီမင်း ပါ ဘာမှန်းမသိတဲ့ ကိစ္စ ထဲ ပါသွားနိုင်တယ် ။

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now