Beta-25

4.2K 408 8
                                    

[Zawgyi]

"အငယ်ဆုံးလေး ဂျောင်ကု နဲ့ အဆင်ပြေရဲ့လား"

"ဟုတ် ပြေပါတယ် အစ်ကို ၂ ရဲ့"

"ဒါဆို လက်ထပ်ပွဲ လုပ်ဖို့ ကမ်းလှမ်းထားတာကို မေမေ တို့ အကြောင်းပြန် လို့ ရပြီလား Beta လေး"

"ဪ ကျနော် အခုတော့ လက်မထပ်ချင်သေးဖူး မေမေ ပထမနှစ် တက်ပြီးမှ လက်ထပ်လို့ ရမလား"

"မေမေ့ Beta လေး သဘော ဒါဆို မေမေ လက်ခံတဲ့ အကြောင်း တော့ ပြောလိုက်တော့မယ် Jeon မိသားစုကို"

"ဟုတ် မေမေ"

"ဪ အငယ်ဆုံးလေး တောင် တကယ် အရွယ်ရောက်လာပြီပဲ"

"အစ်ကို ၁ ကလည်း "

"မဟုတ်လို့လား ပြောတော့ဖြင့် အစ်ကို ၁ နဲ့ အတူတူ နေမယ် ဆိုပြီးတော့ အခုကျတော့ ဒီ ကင်မ်ဆော့ဂျင် တစ်ယောက် ပဲ အထီးကျန်နေခဲ့တော့မှာပဲလေ"

"ဒါဆို အစ်ကို ၁ ကိုပါ ခေါ်သွားမယ်လေ ကျနော် နဲ့ လိုက်ခဲ့ပေါ့"

"အဟား ဟား စတာပါ ငါတို့ Beta လေး ပျော်နေဖို့ က အရေးအကြီးဆုံးပါ"

"သားကြီး အငယ်ဆုံးလေး ကိုပဲ စမနေနဲ့  သားကြီးအသက်အရွယ် တခြား Alpha တွေ က မိသားစုတောင် ရှိနေကြပြီ mate ထပ် မရှာတော့ဘူးလား"

"ကျနော့် မှာ mate ရှိခဲ့ပြီးသားပါ အဖေ ကျနော့်အတွက်ကို စိတ်မပူပါနဲ့ အငယ်ဆုံးလေး နဲ့ လိုက်နေလည်း ရတာပဲကို"

"ဟင်း ကဲကဲ စားစရာ ရှိတာ စားကြတော့"

ကင်မ်မိသားစု ရဲ့ Sunday မနက်စာ စားပွဲ က စကားပြောသံတွေ Luna ပြောလိုက်တော့မှ တိတ်သွားတယ် ။ ကင်မ်ဆော့ဂျင် အနေနဲ့ကျတော့ သူ့ရဲ့ mate Omega ကို reject လုပ်ပြီး တခြား mate ထပ်မရှာချင်ပါ ။ ပတ်ခ်ဘိုဂမ် နဲ့ အဆင်ပြေအောင် ပြန်ကြိုးစားဖို့ စဉ်းစားထားပေမယ့် ဘယ်က စရမှန်းမသိဘူး ဖြစ်နေတယ် ။

ပတ်ခ်ဂျီမင်း မင်ယွန်းဂီ နဲ့ Coffee Date လုပ်ဖို့ ချိန်းထားတဲ့ အချိန် က နီးနေပေမဲ့ အိမ် က အခုထိ မထွက်ရသေးပါ ။ ချစ်သူ နဲ့ သွားတွေ့မှာ ဆိုတော့    ကိုယ်တိုင် ကားမောင်းပြီး သွားချင်တယ် ။ ပတ်ခ်ဂျီမင်း သူ့အစ်ကိုကြီး ရဲ့ အလစ် ကို စောင့်ပြီး အခန်းထဲက ကားသော့ ကို ယူဖို့ ချောင်းနေတာ ။ ပတ်ခ်ဘိုဂမ် အခန်းထဲက ထွက်ပြီး ထမင်းစားခန်း ထဲ ဝင်သွားတာ တွေ့တာနဲ့ လှစ်ခနဲဝင် နံရံမှာ ချိတ်ထားတဲ့ ကားသော့ ကို ယူပြီး ခြံထဲက ကားဆီ လေ လို အလျင်နဲ့ ပြေးလိုက်တယ် ။ ပြီးတာနဲ့ ပြောင်လက်နေတဲ့ အနက်ရောင်ကား လေး ကို Coffee ဆိုင်လေး ဆီ မောင်းထွက်လိုက်တယ် ။ ပထမဆုံးအကြိမ် Coffee Date မို့ ပို တက်ကြွနေမိတယ် ။

I'm BETA 🌜CoMpLeTeD🌛Donde viven las historias. Descúbrelo ahora