1

2.1K 87 3
                                    

[Unicode]

စိမ်းစိုလှပသောတောအုပ်တစ်ခု၏အလည်တွင်
ကောင်လေးတစ်ယောက်သည်မျက်ရည်များစွာ
ဖြင့်လူတစ်ဦးကိုတောင်းပန်နေသည်။

"အ..အဖေ့ကို...မ..မသတ်ပါနဲ့"

သူ့မျက်စိရှေ့တည့်တည့်တွင်ဘုရင့်ရဲမက်များသည်
လူတစ်ဦးအားလည်ပင်းသို့ထက်မြက်လှသောဓားတစ်
ချောင်းဖြင့်ချိန်ရွယ်ထားသည်။ထိုသူသည်ငိုယိုကာတောင်းပန်နေသောကောင်ငယ်လေး
၏အဖေဖြစ်မည်။

"သူ့ကိုအကျဉ်းချထားလိုက်"

အမိန့်အာဏာဩဇာသံအပြည့်ပါသော
လူတစ်ယောက်သည်ကျန်ရဲမက်များအား
အမိန့်ပေးလိုက်သည်။
ထိုသူသည်မျက်နှာမှာပဝါစအုပ်ထားသဖြင့်
ဘယ်သူဘယ်ဝါဆိုတာကွဲကွဲပြားပြားမသိနိုင်။

"ခင်..ခင်ဗျား..ဘယ်သူလဲ..အဲ့တာအရေးမကြီးဖူး..ကျွန့်တော်အဖေကိုလွှတ်ပေး.အ့"

ထိုအချိန်တစ်ခဏတွင်ပဝါပါးပါးလေးဖြင့်
မျက်နှာကိုအုပ်ထားသူသည်မျက်စတစ်ချက်
ပစ်ပြလိုက်ရာအနောက်ရှိရဲမက်တစ်ဦးသည်
ငိုယိုတောင်းပန်နေသောကောင်လေးကိုဓား
နှောင့်ဖြင့်ဆောင့်ကာရိုက်ချလိုက်သဖြင့်
ကောင်လေးသည်မေ့ကာလဲသွားတော့သည်။

"သူကိုဝေါယာဉ်ထဲထည့်ပြီး..နန်းတော်ကိုခေါ်သွားလိုက်"

"အမိန့်တော်အတိုင်းပါ..မင်းကြီး"

"သွားတော့"

"ဟုတ်ကဲ့"

နန်းတော်၌..
နန်းတော်ရဲ့အဆောင်တစ်ခုအတွင်းမှာ
အိပ်ပျော်နေသောကောင်လေးတစ်ဦး
သူ့ဘေးမှာတော့ရုပ်ရည်ခန့်ညားကရှင်ဘုရင်
ဖြစ်မည်ဟုထင်ရသောလူတစ်ဦးကလည်း‌ရှိနေသည်။
ထိုကောင်လေးမနိုးမချင်းစောင့်ကြည့်နေသည်။
ထိုကောင်လေးနိုးလာကာနီးမှာကောင်လေးအိပ်နေတဲ့
ကုတင်ကိုကျောပေးကာလှည့်လိုက်သည်။

"နိုးလာပြီလား...၀မ်ရိပေါ် "

"ဘယ်သူလဲ"

"မင်းမမှတ်မိတာလား...
မမှတ်မိချင်ယောင်ဆောင်နေတာလား?'

ကောင်လေးသည်ဝေဝါးနေသောမျက်လုံးအစုံအား
အားယူကာရှင်းလင်းအောင်လုပ်လိုက်ပြီးလျင်
မျက်တွေ့လိုက်ရသောသူကြောင့်အံဩချင်းများပြည့်နှပ်သွားသည်။

အရှင် [အရွင္]Where stories live. Discover now