3

990 75 13
                                    

[Unicode]

အရှင်သည်ပြတ်သားစွာပြော၍အဆောင်အတွင်းရှိ
တစ်နေရာမှစာအုပ်တစ်အုပ်အားယူလိုက်သည်။
အဆောင်တွင်းကထွက်ကာနီး၀ယ်...

ချွမ်း..ခလွမ်း💢💢

ကွဲကျသွားသောကြွေပန်းကန်လေးနှင့်
ရိပေါ်ရဲ့လက်သွေး‌ကြောစမ်းလေးပေါ်
ရောက်ရှိနေသောဖန်‌ကွဲစတစ်ခု။

"ဘာလုပ်တာလဲ!?"

"ကျွန်..ကျွန်တော်..တစ်ကယ်လုပ်မှာနော်!!"

"ဟက်!..ဟုတ်လား?..လုပ်ကြည့်လေ"

"တစ်..တစ်ကယ်လုပ်မှာနော်"

"လုပ်ကြည့်လိုက်"

ခါးသီးစွာတားခဲ့မည်ထင်ခဲ့သော်လည်း
တစ်ကယ်တမ်းကြားလိုက်ရတဲ့တစ်လုံးတည်း
သောစကားဟာ'လုပ်ကြည့်လိုက်'တဲ့။

"ဟူး....မလုပ်ရဲဟန်ဆောင်မနေနဲ့"

"ကျွန်...တော်.."

"လာ...လိုက်ခဲ့"

"ဗျာ?"

"မင်းအဖေနဲ့တွေ့ချင်တယ်မလား
လိုက်ခဲ့!"

"ကျေးဇူးပါ...အရှင်"

အရှင်ရှောင်းသည်အာဏာပြင်းထန်လှသော်ညား
သားအဖချစ်ခြင်းကိုတော့မပိတ်ပင်ချင်
လူသားချင်းစာနာစိတ်ဖြင့်တွေ့ခွင့်ပေးရန်
ဆုံးဖြတ်ခဲ့သည်။
အကျဉ်းထောင်၌...

"မင်းကြီးကိုဂါရ၀ပြုပါတယ်"

အကျဉ်းစောင့်ရဲမက်များ၏အလေးပြုသံ
အကျဉ်းထောင်အတွင်းပိုင်း၌
မှောင်မိုက်လှသော်အကျဉ်းထောင်သည်
အပြင်လောကနှင့်ကွာခြားလွန်းသည်။

"အ....ရှင်"

"ဘာလဲ!..လာမယ်ပြောပြီးကြောက်ပြနေတာလား?"

"မ..မဟုတ်ပါဘူး"

အကျဉ်းထောင်၏တစ်နေရာအရောက်
သံတိုင်တံခါးများကြားကနေမဝေးမဝါး
မြင်နေရတဲ့လူသားသားတစ်ဦး
ရိပေါ်သည်သူ၏ဖခင်ဆိုတာချက်ချင်းသာသိလိုက်
သည်။ရှောင်းသခင်ကတော့သူ့ကိုမေးမော့ကာပြသည်။
ရိပေါ်နှောင့်နှေးကြန့်ကြာနေမှုမရှိပဲအလျင်အမြန်သာ
ပြေးသွားမိသည်။

အရှင် [အရွင္]Where stories live. Discover now