12

360 29 0
                                    

Unicode

"...မင်းကြီးကိုဂါရဝပြုပါတယ်..."

ဂါရ၀ပြုသံတို့အပြီးမှာတိတ်ဆိတ်သွားသော
အသံ။

"....နယ်စပ်ဖျားမှာ...သူပုန်တွေထကြွနေပါတယ်
အရှင်...အကယ်၍အမြန်မထိန်းနိုင်ဘူးဆို..ထွက်ပြေးသွား
တဲ့..၀မ်ဘုရင်နဲ့ပူးပေါင်းနိုင်ပါတယ်...မင်းကြီး...."

"...ကောင်းပြီလေ..သူပုန်တွေကိုထိန်းဖို့က..မင်းကို
လွှဲထားလိုက်နယ်စစ်သူကြီး...၀မ်ဘုရင်ကိုဖမ်းဖို့က
လျှို့ဟိုင်ခွမ်း...မင်းတာ၀န်ယူ..!"

"....အမိန့်တော်အတိုင်းပါမင်းကြီး...."

တည်ကြည်နေသော
မျက်နှာထားနှင့်အရှင်သည်ပုလ္လင်ပေါ်မှ
ပြန်ဆင်းကာ မိမိနန်းဆောင်တော်သို့။

ခဏလောက်‌အိပ်ယာပေါ်လှဲနေရင်း
အတွေးတစ်ချို့၀င်မိသည်။

ရိပေါ်‌အပေါ်ကိုဒီလိုလုပ်နေချင်းကမှန်ရဲ့လားလို့။

ချော့တစ်လှည့်ခြောက်တစ်လှည့်။
မုန်းတစ်လှည့်ချစ်တစ်လှည့်နှင့်။

ရိပေါ်အပေါ်သူလွန်ကြူးမိသော
အရာအတွက် အပြစ်ပေးဆပ်ခြင်းသာ။

----------------

လျှို့ဟိုင်ခွမ်းတို့ကတော့ပြဿနာတတ်ဦး
မည်ပင်။

စုံစမ်းရမည့်အရာကြီးက
အမှုကြီးဖြစ်သလို
တရားခံကမိမိခင်ပွန်းလေး
ဆိုတာသိသွားခဲ့ရင်။

အိမ်တော်ထဲသို့၀င်၀င်ချင်
ဆီးကြိုနေသောမျက်နှာလေး
ကြောင့်ဟိုင်ခွမ်းတို့ပျော်သွားပါသည်။

ချစ်ဦးသူလေးမျက်နှာကိုမြင်တွေ့ရသည်မှာ
ကောင်းမွန်လွန်းခြင်းမဟုတ်ပါလား။

သို့သော်လည်းဒီနေ့ဟိုင်ခွမ်းအကြောင်းမဲ့
ပြုံးနေမိကာ ခဏခဏလည်းသမ်းဝေ
နေမိသည်။

ဘာကြောင့်လဲတော့မသိပါ။

သိပ်ချစ်ရသူမှာပိုင်ရှင်ရှိ
ဆိုတာကိုမသိပဲ ပြုံးပျော်နေသော
ကောင်လေးသည်
ထိုချစ်ရသူလေးမှာ ပိုင်ရှင်ရှိသည်ဟု
သိသွားသောတစ်နေ့တွင်.......။

ညဘက်၌....

စာထဲကလူသည်မည်သူမှန်းသိလိုစိတ်
ပြင်းပြ၍ စာပါ အတိုင်း
ညချိန်တွင်နန်းတော်အပြင်သို့
တစ်ဦးတည်ခိုးထွက်လာခဲ့သည်။

အရှင် [အရွင္]Where stories live. Discover now