14

347 29 1
                                    

Unicode

"...ဒီတော့..ဘာအဓိပ္ပာယ်လဲ?..အမတ်ကြီး..."

"...သူ..သူက..ကျွန်တော့်ရဲ့...."

"...ဆက်ပြောလေ...."

".....ကြင်သူသက်ထားပါ...မင်း..မင်းကြီး...."

"....ဟက်!..ညားတာကြာပြီလား...?"

"...၅လပါမင်းကြီး..."

၅လဆိုတာသူရိပေါ်ကိုမဖမ်းခေါ်လာခင်
အချိန်ဖြစ်သည်။
ဘာလဲ?။
သူလျှိုလား။
ဒါမှမဟုတ် ၀မ်တိုင်းပြည်ရဲ့
စစ်နည်းဗျူဟာလား?။

"...သူနာမည်က ကျူးကျန်းကျင့်ဆို..."

"...ဟုတ်ပါတယ်...မင်းကြီး..."

"...သူက၀မ်တိုင်းပြည်ရဲ့..ဘုရင့်ကိုယ်ရံတော်
ဆိုတာသိလား...?..."

"...ဗျာ..ဘယ်..ဘယ်လို..."

"...ဟုတ်တယ်လေ..မင်းယောကျာ်းက
၀မ်တိုင်းပြည်က..သူလျှိုပဲ..."

"..ကျွန်..ကျွန်တော်...."

ကြောင်အသွားသော
အမတ်ကြီးလျို့။
သူအံဩမိပါသည်။
သူ့ ချစ်ခင်ပွန်း လေးက
သူလျှိူတဲ့လား။
မဖြစ်နိုင်တာ....။

"...သေချာပါရဲ့လား?..မင်းကြီး...."

"....သေချာတာပေါ့..အမတ်ကြီးရဲ့...."

"...ဘာဖြစ်လို့ပါလိမ့်?..."

"...သူက၀မ်ရိပေါ်အဖေရဲ့ကိုယ်ရံတော်မို့လို့လေ..."

"........."

"...မင်းယောကျာ်းရဲ့အကြောင်းကိုသေ
ချာလည်း..စုံစမ်းပါဦး...အဲ့တာခေါ်ပြောတာ..သွား
လို့ရပြီ..."

"...အမိန့်တော်အတိုင်းပါမင်းကြီး...ခွင့်ပြုပါဦး..."

နန်းဆောင်ထဲကထွက်လာပြီးနောက်
ဟိုင်ခွမ်းတစ်ယောက်
စိတ်နှင့်ကိုယ်မကပ်သလိုပင်။

သူအလိမ်ခံရသည်တဲ့လေ။
သိပ်ချစ်ရတဲ့သူဆီက......။

ဝေါ...🌧️

မိုးရွာချလာသော်လည်း
လျင်မြန်စွာမသွားနိုင်ပါ။

မိုးရေထဲတွင်ဆက်လမ်းလျှောက်လျက်
မိုးရေထဲမှာ မျက်ရည်တွေကိုဖုံးဖိနေမိသည်။

ကံကြမ္မာက မျက်နှာသာမပေးတဲ့အခါ
ချစ်ရသူအား မိမိလက်ဖြင့် နာကျင်စေတော့မည်......။

အရှင် [အရွင္]Where stories live. Discover now