2

1K 81 5
                                    

[Unicode]

"ငါ့ခြေထောက်ကိုအခုလွှတ်...၀မ်ရိပေါ် !!"

"ဟင့်...အရှင်ရယ်..ကျွန်တော်တောင်းပန်ပါတယ်
အဖေမှာဘာအပြစ်မှမရှိပါဖူးဗျာ..ဟင့်"

"ဟက်!...အပြစ်မရှိဘူး...ပြောပါဦး..ဘယ်နားမှာ
အပြစ်မရှိတာလဲလို့?"

"ဟင့်...ကျွန်တော်"

ရိပေါ်ကရှောင်းသခင်ရဲ့ခြေထောက်ကိုလွှတ်လိုက်
ပြီးမျက်ရည်များအားသုတ်ကာ

"အရှင်....ရှင်းပြပါလား...ဒီလိုဖြစ်သွားရတဲ့
အကြောင်းရင်းကို"

"ကောင်းပြီ..လွန်ခဲ့တဲ့၁၁နှစ်က..မင်းတို့၀မ်တိုင်းပြည်က
ငါ့တို့ရဲ့ရှောင်းတိုင်းပြည်ကိုအတင်းတိုက်ခိုက်လုယူ
ခဲ့တယ်....ဒါကြောင့်ငါ့မိဘနှစ်ပါးသေခဲ့ရတယ်..
အဲ့တာတွေအားလုံးရဲ့အဓိကတရားခံကမင်းအဖေပဲ
ဒီလောက်ဆိုနားလည်ပြီထင်ပါတယ်"

"....."

ဘုန်း💢💢

ကျယ်လောင်လှတဲ့တံခါးပိတ်သံနဲ့အတူ
အရှင်ရှောင်းရဲ့ကြောက်မက်ဖွယ်နောက်ကျောပြင်
ဟာလည်းပျောက်ကွယ်သွားလေပြီ။
____

"မင်းကြီးကိုဂါရ၀ပြုပါတယ်"

"ထတော့!"

"အမိန့်တော်အတိုင်းပါ"

"သူ့ဆီသွားမယ်"

"ဟုတ်ကဲ့ပါ"

အရှင်မည်သည်လောက်ထိကြောက်မက်ဖွယ်
ကောင်းသည်ဆိုတာရဲမက်များ၏အလေးပြုပုံ
ကြည့်၍သိသည်။သာမန်ခေါင်းငုံ့ကာအရိုအသေပေး
ရုံသာမကဒူးထောက်၍ပါအလေးပြုရသည်။

"ဒီမှာပါ...မင်းကြီး"

"သွားတော့!"

"ဟုတ်ကဲ့"

အရှင်ရှောင်းလာသောနေရာသည်အခြားမဟုတ်
အကျဉ်းထောင်
ရိပေါ်အဖေ(မင်းကြီး၀မ်)ကိုထားတဲ့အကျဉ်းထောင်
ရှောင်းကျန့်ပြောသည့်'ထောင်ထဲမှာငရဲရောက်နေပေါ့'
စကားသည်အမှန်ဖြစ်သည်။မင်းကြီး၀မ်၏ကိုယ်
ပေါ်တွင်ရေတွက်မရနိုင်အောင်ကြာပွတ်ရိုက်ချက်များ
ရှိနေသည်။သွေးများကလည်းစိုရွှဲစွာပင်။

"မင်းကြီး၀မ်...ကျွန်တော်ကိုမှတ်မိလား?"

"ရှောင်း......ကျန့်..."

အရှင် [အရွင္]Where stories live. Discover now