4

629 43 0
                                    

"အစောင့်တွေအားလုံးထွက်သွားကြ!!!"

အမိန့်သံပါသောကျယ်လောင်သည့်
အရှင့်၏စကားသံသည်အဆောင်အနီး၌ပျံ့နှံကာသွား
သည်။

အရှင်သည်သူ၏ခါးကြားအတွင်းမှ
ကြာပွတ်ကြိုးအားထုတ်ကိုင်ကာ
ရိပေါ်ရဲ့ကျောပြင်ငယ်ပေါ်သို့
ကြမ်းတမ်းစွာရိုက်နှက်မိသည်။

"အ့"

နာကျင်လွန်း၍သူ(ရိပေါ်)အော်မိသည်။

ရွှမ်း💢

တချက်တချက်ခြင်းဆီကသူ့အားနာကျင်စေသည်။
နာကျင်လာသောကြောင့်မျက်၀န်းအစုံမှာအရည်ကြည်လေး
များသည်‌ဖွေးဥဥပါးပြင်ပေါ်၀ယ်တစ်စက်ချင်း
ဆီကြရောက်လာသည်။

သူဘာကြောင့်ငိုမိတာလဲ?
ကျောပြင်ကနာကျင်ခြင်းကြောင့်လား?
နှလုံးသားထဲကနာကျင်မှုကြောင့်လား?

ဟုတ်သည်။သူရှောင်းကျန့်အားချစ်သည်။
အသက်အရွယ်ငယ်နေသော်ပင်ငြား
လူမှန်းသိတတ်စကလေးအရွယ်ကနေစပြီး
ရှောင်းကျန့်အားချစ်မိခဲ့သည်။

ငိုမိတာက။
ငိုမိတာက.....။
ဒီလိုရိုက်နှက်နေတာသူချစ်ရသူဆိုတာကြောင့်။
ချစ်ရသူကသူ့(ရိပေါ်)ကိုမုန်းနေတာကြောင့်။
ကျောပြင်ကပြင်ပနာကျင်ခြင်းများသည်
အသည်းခိုက်အောင်နာကျင်ရပါသော်လည်း
ချစ်ရသူကပေးသည့်ဒဏ်ရာဆို၍မြတ်နိုးမိခဲ့သည်။

"အ့"

သူတစ်ချက်အော်ညည်းမိရင်းမေ့လဲသွားသည်။

ရှောင်းကျန့်ထိုတော့မှရိုက်ခြင်းအားရပ်လိုက်သည်။

ဒုတ်💢

သွေးတွေပေစွန်းနေသောကြာပွတ်အားကြမ်းပြင်ပေါ်‌သို့
လွှတ်ချလိုက်ရင်းရိပေါ်အားကြည့်လိုက်သည်။

"ပျော့ညံ့လွန်းတယ်..၀မ်ရိပေါ်"

သူ(ရှောင်းကျန့်)သည်နှုတ်ခမ်းထောင့်ကွေးရုံမျှ
မဲ့ပြုံးတစ်ခုအားပန်ဆင်ကာထိုစကားအားပြောမိသည်။

ထို့နောက်။
ရိပေါ်၏လက်များအားကြိုးချည်ထားရာမှ
ဖြုတ်ပေးလိုက်သည်။

ရိပေါ်၏ခန္ဓာကိုယ်လေးသည်ပြိုလဲကြသွားကာ
သူ၏ရင်ခွင်ထဲသို့။

အရှင် [အရွင္]Where stories live. Discover now