8

464 35 3
                                    

Unicode

"....ကျဲကျဲ...ရိပေါ်အဆောင်ပြင်ထွက်လို့ရလား?..."

"....ဟို...အဲ့ဒါက...."

"...မရဘူးလားဟင်...?"

"....ရ..ရပါတယ်..."

လန်ယွင် ဒီကလေးငယ်လေး
အတွက်ဒီတစ်ခါတော့အမိန့်လွန်ဆန်ကာ
အရဲစွန့်ပါရစေ.....။

အဆောင်ပြင်မထွက်ရတာ
၁ပတ်လောက်ရှိပြီမို့ နေရောင်လေးအား
မျက်လုံးလေးမှိတ်ကာ ခံစားကြည့်လိုက်သည်။

ခြေလှမ်းတို့က
ကျေးငှက်သံတို့ဝေဆာနေသော
ဥယျာဉ်တော်ဆီ။

ပန်းပေါင်းစုံရနံ့သင်းပျံ့ပျံ့ရှိသော
ဥယျာဉ်တော်ကြီး။နေရောင်ထိုးနေသော
ကြောင့်အရောင်တလက်လက်ထနေသော
ရေကန်ကြီးရယ်။ကျေးငှက်သံသာသာယာလေးရယ်
က ရိပေါ်ကိုတစ်မျိုးပျော်စေပါသည်။

"...လှလိုက်တာ....."

မိမိပုခုံးပေါ်လာနားသော
လိပ်ပြာဖြူလေးကြောင့်ရိပေါ်
သွားလေးတွေပေါ်အောင်
ပြုံးရယ်လိုက်သည်။

တစ်ချိန်က ရှောင်းကျန့်နှင့်
အတူလိပ်ပြာဖမ်းခဲ့တာတွေ။
‌စိန်ပြေးတမ်းကစားခဲ့တာတွေ။
အဖေကမြှားပစ်သင်ခိုင်းလို့
ရိပေါ်ငိုနေချိန် ရှောင်းကျန့်ချော့ပေးခဲ့တာတွေကို
အမှတ်ရကာ ၀မ်းနည်းမိပြန်ပါသည်။

သူ ကရက်စက်စိမ်းကားလာတတ်လိုက်တာ။

"....၀မ်ရိပေါ် !!!..."

"...အ..ရှင်..."

ဘယ်ကပေါ်လာမှန်းမသိသောအရှင်။

"..မင်းကိုဘယ်သူကအပြင်ထွက်ခိုင်းလို့လဲ...?"

"...ကျွန်တော်...."

".....လန်ယွင်လား?....."

"...မ..မဟုတ်ပါဘူး...ကျွန်..ကျွန်တော်က
ထွက်..ထွက်ချင်တယ်..ပြောလို့...ကျဲကျဲက....."

"...ကျစ်..ထားလိုက်တော့......"

"...အရှင်...."

"...ပြောလေ...ဘာလဲ?..."

"....ဘာမှမဟုတ်တော့ပါဘူး...."

သိသိသာသာငြိုးသွားသော
သူ့မျက်နှာဘာကြောင့်ငြိုးသွားမှန်း
တော့မမေးချင်တော့ပါ။

အရှင် [အရွင္]Where stories live. Discover now