6

524 34 8
                                    

Unicode

တစ်ချိန်ကရှောင်းကျန့်တွင်လည်း
ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးရှိခဲ့ဖူးသည်။
ပိုင်မင်းဆက်၏အုပ်ချုပ်မှုအောက်က
အမှုထမ်းအမတ်ကြီးရှောင်း၏
သားငယ်လေး။

သာယာပြည့်စုံကာနွေးထွေးသော
မိသားစုဘ၀လေးအတွင်းသို့ကံဆိုးမိုးမှောင်
ကျရောက်မှုကြီးကအလျင်း၀င်ရောက်လာသည်လေ။

မင်းကြီး၀မ်(ရိပေါ်အဖေ)၏
ပုန်ကန်မှုကြောင့်နယ်စွန်နယ်ဖျားမှသူပုန်များထကြွ
ကာနောက်ဆုံးတွင်ပိုင်မင်းဆက်လည်းမျိုးသုဉ်းကာ
မင်းကြီး၀မ်အုပ်စိုးသော
၀မ်မင်းဆက်သည်ဆက်လက်ကာအုပ်ချုပ်လာသည်။

ထိုစစ်ပွဲအတွင်းတွင်ရှောင်းကျန့်၏မိသားစု
အပါ၀င်ရှောင်းကျန့်ချစ်ခင်ရသောလူအများစု
သတ်ဖြတ်ခြင်းခံခဲ့ရသည်။

သူတောင်သူ၏အစ်မဖြစ်သူအသက်စွန့်ကယ်ခဲ့
လို့သာအသက်ရှင်ခြင်းပင်။

ထွက်ပြေးလာရင်းချင်းရန်ဟုခေါ်သော
ကောင်မလေးနှင့်တွေ့ဆုံခဲ့သည်။
ထိုကောင်မလေးသည်သူ့အားကူညီခဲ့ယုံမက
စိတ်ဓာတ်မကျစေရန်လည်းအမြဲလိုအားပေးစကား
ပြောကြားပေခဲ့သည်။

ချင်းရန်တို့မိသားစုကျေးဇူးကြောင့်သာ
ရှောင်းကျန့်သည်မိမိတိုင်းပြည်ကိုပြန်ရခြင်း။

ထို့ကြောင့်ချင်းရန်သည်
ရှောင်းကျန့်အတွက်အဖိုးဖြတ်နိုင်မည်မဟုတ်။
(😒😒)

လူကြီးများ၏အာဃာတများကြား
ကြား၀င်ညပ်ခဲ့သောရှောင်းကျန့်နှင့်ရိပေါ်။
ရှောင်းကျန့်သည်ရိပေါ်အတွက်တော့
ဘာနှင့်မှလဲလှယ်လို့မရသောသူပင်။

နှလုံးသား၏အရှင်သခင်။

------------------

မိဖုရားခေါင်နန်းဆောင်......

"...ကိုယ်လုပ်တော်ချင်းကြွချီလာပါတယ်...."

ကိုယ်လုပ်တော်ချင်းဟူသော
အသံကြောင့်ရိပေါ်ခေါင်းထောင်ကြည့်မိသည်။

ချောလှပါသောမိန်းမငယ်လေးတစ်ဦး။
မည်သည့်ခြယ်သမှုမျှမပါ,ပါပဲကိုချောလှနေသူလေး။

အရှင် [အရွင္]Where stories live. Discover now