EP 1 (UNI)

713 61 0
                                    

ခမ်းနားလှသည့်ခန်းမထဲမှာ စင့်မြှင့်ထက်ကို  လူအားလုံးဟာ စိတ်ဝင်တစား ကြည့်ရူနေကြသည်။ဂျောင်ဆူးကတော့ စင်ပေါ်မှာ အရပ်ရှည်ရှည်၊နားကားကား၊ဆံပင်အကောက်အတုလေးကို တပ်ထားတဲ့လူသားတစ်‌ယောက်တည်းကိုသာ တမေ့တမောငေးကြည့်နေသည်။ချောလွန်းတယ်။ပြုံးလိုက်တိုင်း ပေါ်လာတဲ့ပါးချိုင့်ခွက်ခွက်လေးတွေက လက်ကလေးနဲ့ ထိတွေ့ချင်စရာ။အံ့ဩသွားတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကအစ အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်သည်။ရှက်၍ မျက်နှာကိုစာရွက်လေးနဲ့ ကွယ်လိုက်တဲ့ ထိုလူသားကြောင့် အလိုမကျ ဖြစ်ရသည်။ဒီလောက် ချောမောလှတဲ့မျက်နှာလေးကို ဘာကြောင့် ကွယ်ဝှက်ထားချင်ရတာလဲ။အဲ့ရှက်နေတဲ့မျက်နှာလေးကိုလည်း ဂျောင်ဆူး ကြည့်ချင်သေးတာ။

ထိုလူသားက သူအတွက်လုပ်ပေးသည့် Birthday Cake ပေါ်က ဖယောင်တိုင်းလေးကို တဖူဖူမှုတ်လိုက်တဲ့အချိန် မြင်နေရသောပါးဖောင်းဖောင်းလေးတွေကို ကြည့်နေရင်း ဂျောင်ဆူး အသက်အောင့်ထားရသည်။ဘာလို့ အပြစ်အနာဆာ တစ်ခုမှမရှိဘဲ ချောနေရတာလဲ။

အနီရောင် ဖဲပြားအကြီးကြီးကို ချာဆွန်းဆူး ထိုလူသားကို စွတ်‌ပေးသည်။ထိုအခါ ဒူး‌လေးညွှန်ချပေးသောထိုလူသားရဲ့အလိုက်သိမှုလေး။ပြီးနောက် ဖဲပြားလှလှနဲ့ ဂုဏ်ပြုခံရ၍ သဘောကျနေသောပီတပြုံးလေးပေါ်လာသည့်အချိန် ဂျောင်ဆူးပါ ပြုံးရယ်မိသည်။ဝန်ခံပါသည်။ကျွန်တော် ဒိုဂျောင်ဆူး ချာဆွန်းဆူးကို အားပေးဖို့Musicalလာကြည့်ရာ Laman (or) Corporal Park ဆိုတဲ့လူသားကို ချစ်မိသွားတယ်ဆိုတာကို။

ယောင်္ကျားလေးတစ်ယောက်ကို  သဘောကျမိသွားတဲ့အသက်(၁၉)နှစ်အရွယ်ကောင်လေးတစ်ယောက်ကို လူတွေက *စိတ်ကစားတာ* လို့ နာမည်တပ်ကြမှာ သေချာသည်။အကယ်၍ ထိုကောင်လေးက ဒိုဂျောင်ဆူးဆိုတာ သိသွားရင် *စိတ်ကစားတာပါ*လို့ ပြောကြနိုင်အုံးမလား
ဂျောင်ဆူး သိချင်မိပါရဲ့။

🎀🎀🎀

ဂျောင်ဆူး အိမ်မပြန်ခင် စင်အနောက်ဘက် ထွက်လာဖြစ်သည်။ချာဆွန်း‌ဆူး‌ကို နှုတ်ဆက်ရအုံးမယ်လေ။ပွဲလာကြည့်ပြီး မနှုတ်ဆက်ဘဲ ပြန်သွားရင် ထိုကလေးက စိတ်မကောင်းဖြစ်နေရှာမှာ။ပွဲက တစ်လလုံးနီးပါးကျင်းပတာဖြစ်ပေမဲ့ ဂျောင်ဆူးက နောက်ဆုံးပွဲနေ့မှာ လာရောက်အားပေးခြင်းဖြစ်သည်။အကြောင်းကတော့ အလုပ်ရှုပ်‌နေသောကြောင့် ဖြစ်သည်။

တွေ့ပါပြီ။အဖွဲ့သားတွေနဲ့ ဓာတ်ပုံရိုက်နေတဲ့ ဂျောင်ဆူးရဲ့နတ်သားလေး။‌စင်ပေါ်တုန်းကလို မင်းသားကုတ်အင်္ကျီလေးနှင့် မဟုတ်တော့‌။ကြည့်ရတာ စင်ပေါ်ကဆင်းကတည်းက အဝတ်အစားလှဲလိုက်ပုံရသည်။စစ်Uniformလက်ရှည်ကို အပေါ်က paddingထပ်ဝတ်ထားသည်။Unfriomနဲ့တောင် ထိုလူသားက ကြည့်ကောင်းနေသည်။
ပတ်ဝန်းကျင်ကိုတောင် မသိနိုင်တဲ့အထိ သူ့မွေးနေ့အတွက် ပြင်ပေးထားတဲ့eventလေးမှာ ဓာတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ ရိုက်နေတဲ့ထိုလူသားရဲ့ပျော်ပျော်နေတတ်မှုက လူငယ်လေးတစ်ယောက်အသွင်းအပြင်ဆောင်သည်။အစောနက မွေးနေ့ကိတ်မှာ အသက်(၃၀)ဆိုတာမမြင်မိရင် ထိုလူသားကို ဂျောင်ဆူးနဲ့ရွယ်တူလို့ ထင်မိမှာ။

Birthday hat စောင်းပြီး ရိုက်နေတဲ့အပုံလေးတစ်ပုံလောက် ဂျောင်ဆူး သိမ်းထားချင်သည်။နားကားကားလေးရယ်၊ခေါင်းလေးပေါ်က Birthday hatပိစိ‌သေးသေးလေးရယ်က ထိုလူသားကို ပို၍ချစ်ဖို့ကောင်းစေမှာ သေချာတယ်။

ပြန်ခါနီးတောင် ဓာတ်ပုံအသည်းသန်ရိုက်နေတဲ့ထိုလူသားရဲ့ဓာတ်ပုံရိုက်ဝါသနာပါမှုက တော်ရုံတော့မဟုတ်နိုင်။ဂျောင်ဆူးကတော့ ထိုလူသားနဲ့ဆန်ကျင်ဘက်။တော်ရုံ ဓာတ်ပုံရိုက်လေ့မရှိသူ ဖြစ်သည်။

“ဆရာ!”

အသံကြားတာနှင့်တပြိုင်နက် ဂျောင်ဆူးလက်ကို လာကိုင်တဲ့အထိအတွေ့က တစ်ဆက်တည်းဖြစ်သည်။

“အွန်း ~ဆွန်းဆူးကို အစ်ကိုက ရှာနေတာ”

ဆွန်းဆူးလေးက ဂျောင်ဆူးငယ်သူချင်းရဲ့တူလေးဖြစ်သည်။အတိအကျပြောရရင် ဂျောင်ဆူးစာသင်ပေးဖူးတဲ့ ကလေးဖြစ်သည်။အခုတော့ ဂျောင်ဆူးက ဆွန်းဆူးလေးကို စာမသင်ပေးတော့။ဆွန်းဆူး‌လေးကတော့ ဂျောင်ဆူးကို အခုထိ ဆရာလို့ ခေါ်နေဆဲ။

“သားက ဆရာလာမယ်တောင် မထင်ထားဘူး”

“ပြောထားတယ်လေ။လာမယ်လို့။အစ်ကိုက ဘယ်တုန်းက ကတိဖျတ်ဖူးလို့လဲ”

“ဟီးးး ဟုတ်သား”

ချစ်စဖွယ်အပြုံးလေးနဲ့ဆွန်းဆူးလေးကို ဆံပင်လေးတွေဖွာပေးလိုက်သည်။ဆွန်းဆူး‌လေးရဲ့ချစ်ဖို့ကောင်းမှုက ကလေးမချစ်တတ်တဲ့ဂျောင်ဆူးကိုတောင် ချစ်သွားစေတဲ့အထိ စွမ်းနိုင်သည်။

“နှစ်ယောက်သား လာကြတော့လေ။ငါ ဗိုက်ဆာနေပြီ”

ဆွန်းဆူးလေးက သူ့ဦလေးရဲ့အသံကျယ်ကျယ်စကားအဆုံး မျက်နှာလေးမဲ့သည်။ဒီတူရီးတွေ မတည့်ကြတာပေမဲ့ သိပ်ချစ်ကြတာ။

🎀🎀🎀

HAPPY CHANSOO DAY

27.12.21🍎

MY YOUTHSWhere stories live. Discover now