EP 9 (UNI)

239 59 34
                                    

“Clover”

အစိမ်းရောင်မြက်ခင်းတွေကြားမှ Cloverရွက် လိုက်ရှာနေတဲ့ကလေးလေး။ပါးစပ်ဖျားထက်မှလည်း Clover, Cloverဆိုကာ ကလေးတစ်ယောက်လို ရေရွက်‌နေသည်။

“ဦး...လေးရွက်ရှိတဲ့ Cloverကို ရှာတွေ့ရင် ဒီနေ့ ကံကောင်းတယ် တဲ့”

“ဒါဆို လေးရွက်နဲ့Cloverကို ရှာစရာမလိုတော့ဘူး။ဦးအတွက် ဒီနေ့က ကံအကောင်းဆုံးပဲ”

ကလေးက ချန်းယောလ်စကားကို အဖက်မလုပ်ဘဲ လေးရွက်နဲ့ Cloverကိုသာ အသည်းအသန်ရှာနေသည်။ကလေးကို ဖလစ် ရတာ မလွယ်ပါလား။

“ကလေးကို စိတ်ဝင်စားစရာ တစ်ခုပြမယ်”

အလွယ်တကူ ရှိပြီး ပေါများသည့် သုံးရွက်ရှိတဲ့Cloverတစ်ခုကို ချန်းယောလ် ခူးယူလိုက်ပြီးမှ ထိုအရွက်တွေကို ခြွေလိုက်သည်။ထိုအခါ ချန်းယောလ်လက်ထဲ အသည်းပုံစံ အရွယ်သုံးရွက် နေရာယူသွားသည်။

“ဒီမှာကြည့် ကလေး... Clover 🍀 ရွက်တွေ အကုန်ဖယ်လိုက်ရင် အသည်းပုံလေး ထွက်လာတယ်”

“အထူးဆန်း လုပ်လို့ ဒါ ကျွန်တော် သိသားပဲ”

တကယ်ဆို  ကလေးသိတာ မသိတာထက် အသည်းပုံ အရွက်လေးကို ပေးပြီး ကလေးကို ချစ်ကြောင်းဖွင့်ပြောရန် လမ်းစ ခြင်းပင်။

“ကလေး..ဦးပြောချင်တာ*”

“ရှာတွေ့ပြီ”

လေးရွက်Cloverလေးကို ချန်းယောလ်ရှေ့ ပြလျက် ပြောလာသည့်ကလေးက ချန်းယောလ်စကားကို Cloverရွက်တွေလောက် စိတ်ဝင်စား။

“ ကျွန်တော် ဒီနေ့ ကံကောင်းပြီ”

ထိုတစ်ခွန်းသာ ပြော၍ ကလေးက တံတားပေါ် ပြေးတတ်သွား၏။ထိုအခါ အပြေးလိုက်ရသူက ချန်းယောလ်ပင်။ရောက်ကတည်း ပြေးလွှားနေတဲ့ကလေးက “ယမ်ဖြောင်းန်"ကို အတော်သဘောကျနေတဲ့ပုံပင်။ တစ်ခါတစ်ရံ သန့်ရှင်းလက်ဆတ်သည့်လေကိုလည်း ‌လက်ဆန့်တန်းကာ ရှုရှိုက်နေသေးသည်။

“နေရောင်ခြယ်လျော့တော့ နေလို့ကောင်းလိုက်တာ”

“ဒီနေ့ ရာသီဥတု တော်တော် သာယာတယ်”

“ဟုတ်တယ်နော်။ရာသီဥတုသာယာတော့ အပြင်ထွက်ရတာ ပျော်ဖို့ကောင်းတယ်”

MY YOUTHSWhere stories live. Discover now