EP 6 (UNI)

239 64 37
                                    

ချန်းယောလ် အနှီးကောင်လေးနဲ့ ဒိတ်ပြီးကတည်းက စိတ်နဲ့လူမကပ်ဖြစ်ရ၏။ချန်းယောလ်ကိုယ်ပိုင်ပိုက်ဆံနဲ့ဖွင့်ထားတဲ့ စားသောက်ဆိုင်ကိုလည်း စစ်မှုထမ်းပြန်လာတဲ့နေ့ကတည်းက မရောက်ဖြစ်သေးပါ။အရင်တုန်းက ဆိုင်ကို တစ်နေ့တစ်ခါ အမြဲသွားစစ်တဲ့သူက အခုတော့ လှည့်တောင်မကြည့်ဘဲ အိမ်မှာပဲ အချိန်ကုန်ဆုံးဖြစ်သည်။စိတ်ထဲ မသေချာမရေရာတဲ့အဖြေတစ်ခုကို အသည်းအသန်စဉ်းစားကာ အဖြေထုတ်နေဖြစ်သည်။

ချန်းယောလ် သူရဲ့ဇာတ်လမ်း အစ,အဆုံး ထပ်ခါတစ်လဲလဲ စဉ်းစားနေရသည်။ချန်းယောလ်ကို မေမေနှင့်မမက မိန်းမ အရမ်းယူစေချင်တာ။ချန်းယောလ်ကို ခဏ ခဏ ကြင်ယာဖက်တွေ့ခိုင်းသည်။ကိုရီးယားနိုင်ငံမှာ မိန်းမမှန်သမျှ ကြင်ယာဖက် မတွေ့ဖူးသည့်လူ မရှိလောက်သည့်အထိ၊ကြင်ယာဖက် တွေ့ခဲ့ရသည်။

ချန်း‌ယောလ် ငြင်းပါများ၍ မေမေနှင့်မမဟာ ‌ချန်းယောလ် မိန်းကလေးတွေကို သဘောမကျဘူးဆိုကာ တစ်မျိုးပြောင်း၍ ယောင်္ကျားလေးဖြင့် တွေ့ပေး၏။သို့သော် ချန်းယောလ် စိတ်မဝင်စားပေ။‌ဒိုဂျောင်ဆူးဆိုသည့် ကောင်လေးနှင့် မတွေ့ခင်အထိပေါ့။

အနှီးကောင်လေးက ချန်းယောလ်ကို ရင်ခုန်အောင် ပြုစားသွားတာ။ဒါကို ချန်းယောလ် လက်မခံနိုင်။ဘာကြောင့် ချန်းယောလ်က ယောင်္ကျားလေးတစ်ယောက်ကို ချစ်ရမှာလဲ။

ချာဆွန်းဆူးဦးလေးရဲ့နောက်ကျောကို မြင်တုန်းက ချန်းယောလ် တစ်ခါ ရင်ခုန်ခဲ့၏။အခု ဒိုဂျောင်ဆူးကိုလည်း ရင်ခုန်မိပြန်သည်။ဘာလို့ ချန်းယောလ်က ရှေ့ဆက်၊နောက်ဆက် ယောင်္ကျားလေးနှစ်ယောက်ကို ရင်ခုန်မိသွားရတာလဲ။

တီ!
ဦး ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်တို့ ပထမဒိတ်က ပြဿနာတစ်ချို့ ဖြစ်သွားပုံပဲ။ကျွန်တော် တကယ် ဦးနဲ့ ပထမဒိတ်က နောက်ဆုံးဒိတ် မဖြစ်ချင်ပါဘူး။ကျွန်တော် ပထမဒိတ်ဖူးတာမို့ အမှားလုပ်မိတာပါ

ဝင်လာသည့် ဂျောင်ဆူးဆီက မတ်ဆေ့ခ်ျလေးကို ချန်းယောလ် အတန်ကြာငေးကြည့်နေသည်။စိတ်တွေရှုပ်ထွေးနေသည့်ကြားမှာ ဂျောင်ဆူးဆီက ဦး ခေါ်သံလေးကို လွမ်းရသည်။တဖြေးဖြေးပေါ်လာသည့်အသည်းပုံနှုတ်ခမ်းလေးတွေ။‌ချန်းယောလ် ထိုနှုတ်ခမ်းထူထူလေးတွေရဲ့အရသာကို မြည်းစမ်းကြည့်ချင်တဲ့ စိတ်ဖြစ်‌ပေါ်လာသည်။

MY YOUTHSWhere stories live. Discover now