EP 11 (UNI)

219 52 12
                                    


ကလေး Brandတစ်ခုအတွက် မော်ဒယ်နဲ့ ရိုက်ကူးရေးလုပ်နေသည်။ဒါကို ချန်းယောလ်က မလှမ်းမကမ်းကနေ ရပ်ကြည့်နေသည်။အနားသွားပြီး လိုရမယ်ရ ကူညီမယ်လုပ်ပြန်သော်လည်း အလုပ်,လုပ်ရင် တအား စနည်းကျတဲ့ကလေးက တစ်ခြားသူ ကူညီတာ သိပ်မကြိုက်။သူတို့အဖွဲ့သားအချင်းချင်းသာ တိုင်ပင်ရင်၊ဆွေးနွေးရင် လုပ်ဆောင်နေကြသည်။

ဘတ်ခ်ဟွန်းဆိုတဲ့ကလေးသူငယ်ချင်း ဓာတ်ပုံရိုက်နေတဲ့အချိန်မှာ ချန်းယောလ်အနား အတွဲတစ်တွဲရောက်လာသည်။မျက်စိနှောက်စရာလေးတွေမို့ အာရုံသိပ်မစိုက်ဘဲ ကလေးကိုသာ ကြည့်နေဖြစ်သည်။အလုပ်လုပ်နေတဲ့အချိန်မှာ ကလေးက ဆွဲဆောင်မှု တအား ရှိလွန်းသည်။ကုတ်အင်္ကျီကို ချွတ်ထားတာမို့ ရှပ်အင်္ကျီအရှည်လေးနှင့် တအားသန့်ပြန့်နေသည်။ထိုရှပ်အင်္ကျီကို တံတောင်အထိ ခေါက်တင်ထား၍ ယောင်္ကျားဆန်တဲ့အကြောစိမ်းလေးတွေက ချန်းယောလ်ကို အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်နေသည်။

“ပြီးရင် Father အလှည့် မဟုတ်လား ”

အနည်းငယ် ကျယ်တဲ့အသံက အနားမှာ အတွဲဆီမှာ ဖြစ်သည်။နှစ်‌ယောက်လုံးက အသက်မတိမ်းမယိမ်းလောက်လေးပင်။ဒါကို Fatherလို့ ခေါ်နေတော့ ချန်းယောလ် စိတ်မဝင်စားဘဲ မနေနိုင်။အခုခေတ် အတွဲတွေက အဲ့လိုခေါ်ကြတာလား။အသက်အရွယ်အရ (၃၀)ကျော်ပြီးဆိုပေမဲ့ ချန်းယောလ်လည်း ခေတ်နောက်ကျတဲ့သူမျိုး မဟုတ်။ဒါပေမယ့် ဒီလို အခေါ်အဝေါ်မျိုးက ထူခေတ်မှီကြတာလား။ဘာလား။ချန်းယောလ် နာမည်မတပ်။သေချာတာကတော့ အခေါ်အဝေါ်က တအား ထူးဆန်းသည်။

“ကျွင့် တစ်ခြားသူတွေ မြင်သွားလိမ့်မယ်”

‌ချန်းယောလ်လှည့်ကြည့်လိုက်သည့်အချိန်မှာပဲ ပန်းရောင်ဆံပင်တွေနဲ့ကောင်လေးက သူ့ကောင်လေးရဲ့ခြေစွပ်နဲ့ ခေါက်ထားတဲ့ဘောင်းဘီအစကြားပေါ်နေတဲ့ အသားဖြူဖြူလေးကို ဖုံးပေးသည်။ခေါက်ထားတဲ့ဘောင်းဘီကို အဆုံးထိ
ဖြည်ချပြီး ဖုံးပေးလိုက်တဲ့ပုံက တအားရိုမန့်တစ် ဆန်လွန်းသည်။ကြည့်နေရင် ချန်းယောလ်မှာ ထိုအပြုအမှု‌လေးကို မှတ်ထားလိုက်သည်။ကလေးမှာလည်း အဲ့လိုအကျင့်လေး ရှိတယ်။ဘောင်းဘီအောက်နားစကို ခေါက်ပြီး ဝတ်တတ်တဲ့အကျင့်လေး။ Musical လာတုန်းက အဲ့လိုလေး ဝတ်ထားလို့ ချန်းယောလ်မှာ လိုက်ကြည့်မိနေသေးတယ်။
မဖြစ်ဘူး။နောက် ကလေး အဲ့လိုဝတ်ရင် ဖုံးပေးရမယ်။

MY YOUTHSWhere stories live. Discover now