EP 7 (UNI)

238 57 17
                                    

ဂျောင်ဆူး ရုံးခန်းထဲမှာ အခန့်သားနေရာယူထားတဲ့ဦးက မျက်နှာပြောင်တိုက်ပြီး ဂျောင်ဆူးကို ရှိသမျှ သွားအကုန်ဖော်ကာ ပြုံးပြနေသည်။ကြည့်ရတာ အမေနဲ့အစ်မဆီက အရိုက်ခံရလို့ ဦးနှောက် ပျက်သွားလာတဲ့ပုံပဲ။

“ဂျောင်ဆူး...ကလေးကို ဦးစောင့်နေတာ တစ်နာရီလောက်ရှိနေပြီ”

ဘယ်သူက စောင့်ခိုင်းလိုလဲ။ဦးဘာသာ စောင့်ပြီး မျက်နှာငယ်လေး လာလုပ်နေတယ်။မနေ့ညက ဂျောင်ဆူးကို မုန်းတယ် ပြောပြီး ငိုယိုနေတာ ဦးမဟုတ်သလိုမျိုး ပြုမှုနေတာ တကယ် မုန်းချင်စရာကြီးပါပဲ။ညတုန်းက ဦးရဲ့မုန်းတယ် ဆိုတဲ့စကားကြားပြီး တစ်ချိန်လုံး ဝမ်းနည်း ၊ထိုင်မှိုင်းနေတဲ့ဂျောင်ဆူးနှလုံးသားလေးက ကလေးဆိုတဲ့အခေါ်အဝေါ်လေးတစ်ခုမှာ  ရင်ခုန်သံတွေမြန်ကာ လန်းဆန်လာတာလည်း မုန်းဖို့ကောင်းနေပြန်သည်။

“ဦး ဘာကိစ္စလဲ ”

“ဦးတို့ ဒီနေ့ ဒိတ်ရအောင်..ကလေး”

ဂျောင်ဆူး ဦးမျက်နှာကို ကြည့်မနေဘဲ Designစာရွက်တွေကို ဟိုလှန်၊ဒီလှန် လုပ်နေတဲ့လက်တွေကို ဦးရဲ့ စကားတစ်ခွန်းက ရပ်တန့်သွားစေ၏။

ဂျောင်ဆူးကို ပြုံးပြနေတဲ့ဦးရဲ့ပုံရိပ်လေးကြောင့်
စိတ်တွေ ရှုပ်ထွေးရ၏။သုံးခါ မြန်မြန်ဒိတ်ပြီး လက်ထပ်ပွဲကို အဆုံးသတ်ချင်ရင်လည်း အခုလိုမျိုး ရင်ခုန်ဖို့ကောင်းအောင် ပြုံးရယ်ပြီး မမြူဆွယ်ပါနဲ့ ဦး။ကျွန်တော် အဲ့ဒီအချိန်ကျရင် ဦးရဲ့အပြုံးတွေကို တမ်းတပြီး ဝမ်းနည်းမချင်ပါဘူး။

“ဟင့်အင်း..ဦး။ကျွန်တော် ဒီ‌နေ့ မအားဘူး”

တောင်းပန်ပါတယ် ဦး။ဦးဘက်က ဒိတ်တာကို မြန်မြန်  အဆုံးသတ်ချင်ပေမဲ့ ဂျောင်ဆူးဘက်က
အတ္တကြီးပြီး အချိန်ဆွဲပါစေ။

“အွန်း..ဒါဆိုလည်း နောက်နေ့ပေါ့”

ညှိုငယ်သွားတဲ့ဦးရဲ့မျက်နှာလေးနဲ့ တိုးညှင်းသွားတဲ့အသံလေးက ဂျောင်ဆူးကို စိတ်မကောင်းဖြစ်စေ၏။ဖြစ်နိုင်ရင် အခုချက်ချင်း ဦးစိတ်ချမ်းသားအောင် ပြေး ဒိတ်ပေးချင်သည်။ဒါပေမဲ့ အဲ့လို ဂျောင်ဆူး မလုပ်နိုင်ဘူး ။အနည်းဆုံး တစ်လလောက်တော့ ဦးနဲ့ ဟိုလို၊ဒီလို  ဂျောင်ဆူး
ပတ်သတ်ချင်သေး၏။

MY YOUTHSWhere stories live. Discover now