EP 5 (UNI)

242 51 0
                                    

Meeting Roomမှာ ဂျောင်ဆူးပြန်လာတာကိုတွေ့တာနှင့် အတွင်းရေးမှူးအစ်မက *အခန်းထဲမှာ ဧည်သည်ရောက်နေတယ် သူဌေးလေး *တဲ့လေ။မဟုတ်မှ..ဦး ,များလား။ပထမဒိတ်ပြီးကတည်းက မတွေ့ရတာ တစ်ပတ်‌ရှိပြီ။ဦးဘက်က မဆက်သွယ်လာသလို ဂျောင်ဆူးဘက်ကလည်း မဆက်သွယ်ဖြစ်ပေ ။ အခုတော့ ဦးက ဂျောင်ဆူးဆီ ဆိုက်ဆိုက်‌မြိုက်မြိုက် ရောက်လာပြီပဲ ။

တစ်ဖက်သူက ဘယ်သူလဲ ဂျောင်ဆူးမသိသေးဘူး *ဦး*ဆိုတဲ့ အတွေးတစ်ခုနဲ့တင် ခြေလှမ်းတွေကို မပြေးရုံ၊ခပ်သွယ်သွယ် လျှောက်လာဖြစ်သည်
ဝန်ထမ်းတစ်ချို့က ဂျောင်ဆူးရဲပုံစံကို  ကွက်ကြည့်၊ကွက်ကြည့်,လုပ်နေ၏။သူတို့အတွက် ထူးဆန်းနေမှာပေါ့။အမြဲ တည်ငြိမ်နေ‌တဲ့ဂျောင်ဆူး၊အလုပ်မှာ ပြဿာနာဖြစ်ရင်တောင် အေးဆေးစွာ ဖြေရှင်းတတ်တဲ့ဂျောင်ဆူးက အခုလို ပြာယာခတ်တာ သူတို့ရဲ့သိချင်စိတ်၊ စပ်စုချင်တဲ့စိတ်ကို လှုံဆော်ပေးသလိုပဲ။

အခန်းရှေ့အရောက် ခြေလှမ်းတို့ကို အရှိန်လျော့ကာ  ဂျောင်ဆူး အနည်းငယ်အိန္ဒြဆယ်ရသည်။သေသပ်နေတဲ့အနောက်တိုင်းဝတ်စုံကို ပိုသေသပ်အောင် ပြင်လိုက်သည်။ဆံပင်ကိုလည်း လက်ကလေးဖြင့် ဟိုဖိ၊ဒီဖိ လုပ်လိုက်ပြီးမှ အသည်းပုံနှုတ်ခမ်းလေး ပေါ်တဲ့အထိ ,ချစ်ဖို့ကောင်းအောင် ပြုံးရင်းး အခန်းတံခါးဆွဲဖွင့်လိုက်သည်။

"ဂျောင်ဆူး!!!"

ပါးစပ်ထဲ ပဲပြား ပလုတ်ပလောင်း စားရင်း ဂျောင်ဆူးနာမည်ကို အသံကျယ်ကြီးဖြင့် ထအော်ခေါ်လိုက်တဲ့ ဂျောင်ဆူးချစ်သူငယ်ချင်းက ဆိုဖာထက် အခန့်သား နေရာယူနေ၏။‌ဂျောင်ဆူး နှာခေါင်းရှုံ့ဖြစ်သည်။ဧည့်သည်ဆိုတာ ဒီကောင်လား။ဂျောင်ဆူးက ဦး,ထင်ခဲ့တာ။

အတွင်းရေးမှူးအစ်မကလည်း စကားကို သေချာရှင်းအောင် မပြောဘူး။ဘတ်ခ်ဟွန်းကို မသိတာလည်း မဟုတ်ဘူး။New Brandအတွက် မော်ဒယ်ရောက်နေတယ်ပဲဖြစ်ဖြစ်၊သူဌေးလေး သူငယ်ချင်း ရောက်နေတယ်ပဲဖြစ်ဖြစ် သုံးနှုန်းသင့်တာပေါ့။အခုတော့ ဧည်သည်တဲ့လား။

"ဘာလဲ! ဘာလဲ ပြော ...ငါ မအားဘူး"

"မင်းကလဲ ငါ စိတ်ညစ်လာတာကို။ကောင်းကောင်း ဆက်ဆံစမ်းပါ"

MY YOUTHSWhere stories live. Discover now