EP 10 (ZAW)

95 17 0
                                    

ဒုတိယဒိတ်မှာ ပထမဆုံးအနမ်းကို ပြင်ဆင်ချိန်မရဘဲ ဦးဆီ ပါသွားခဲ့သည်။ပျော်ရွှင်မှု၊အံ့ဩမှုတွေကြောင့် ဦးအနမ်းအောက်မှာ ငြိမ်သက်နေပြီးမှ ရှက်လွန်းလို့ ဦးမျက်နှာကို ရဲရဲမကြည့်ရဲခဲ့ဘူး။
အဲ့နေ့က အိမ်အထိ လိုက်ပို့ပေးတဲ့ဦးကို  သေချာ နှုတ်မဆက်ဘဲ ကားပေါ် တန်းဆင်းပြေးခဲ့သလို တစ်လမ်းလုံးလည်း အိပ်ချင်ယောင်ဆောင်ခဲ့ရသည်။

ဦးမျက်နှာကို မြင်ရင် ပူထူလာတဲ့ပါးပြင်က မီးခဲအလားပင်။ထို့နောက် နှစ်ရက်၊သုံးရက်လောက် ဦးနဲ့ မျက်နှာချင်း မဆိုင်ရဲ။နောက်ဆုံး အိမ်ကို ရောက်ချလာတဲ့ဦးကြောင့် မျက်နှာပူပူနဲ့ပဲ ဦးနဲ့ တွေ့ခဲ့ရသည်။

အဲ့နေ့မှ စပြီး ဦးက ဂျောင်ဆူးရုံးခန်းကို နေ့စဉ်မပျက်၊မကွက် ရောက်လာတတ်သည်။နေ့လည်ထမင်းစားချိန်ဆို ဦး ရောက်လာတတ်ပြီး ဂျောင်ဆူးကို ထမင်းစားဖို့ အတင်းခေါ်မည်။ပြီးရင် ဂျောင်ဆူးနဲ့ စကားအနည်းငယ် မြည်းစမ်းပြီး သူ့အလုပ်သူ ပြန်တတ်သည်။တစ်ခါတစ်ရံ ဂျောင်ဆူး တအား အလုပ်ရှုပ်တဲ့နေ့တွေဆို ရုံးခန်းထဲမှာပဲ  နေ့လည်စာ မှာစားတတ်သည်။တကူးတခန့် 
နေ့လည်စာ လာစားပေးတဲ့ဦးကြောင့် အရင်လို
မငြင်းချင်တော့။ဦးရဲ့ဇွတ်တရွက်ဆန်မှုကြောင့် ဂျောင်ဆူးငြင်းလည်း နောက်ဆုံးတော့  လိုက်လျောပေးရစမြဲပင်။

ညရောက်ရင်လည်း ဖုန်းဆက်ပြီး  အိပ်ဖို့ သတိလှမ်းပေးတတ်ပြန်သည်။ဦးနဲ့ဂျောင်ဆူး
ရဲ့ဆက်ဆံရေးက  အမည်တပ်၍မရသည့်အခြေအနေဆိုပေမဲ့ ဂျောင်ဆူးကတော့ ဒီအနေအထားလေးကိုပဲ သဘောကျသည်။တတိယဒိတ် အပြီးမှ ဂျောင်ဆူးတို့ဆက်ဆံရေးက တစ်မျိုးတစ်ဖုံး‌ ပြောင်းလဲသွားနိုင်သည်။ထိုအရာကို လက်ခံဖို့ ဂျောင်ဆူး အဆင်သင့်မဖြစ်သေး။ဦးဘက်က တတိယဒိတ်ကို အပြီးသတ်ချင်တာကိုလည်း ဂျောင်ဆူး သိသည်။သို့သော်
ဂျောင်ဆူးဘက်က အချိန်ဆွဲထားချင်သေးသည်။

ဂျောင်ဆူးအတွင်းရေးမှူးကအစ ဝန်ထမ်းတွေအဆုံး ၊အားလုံးကဦးနဲ့ဂျောင်ဆူးကို ချစ်သူရည်းစားတွေလို့ ထင်နေကြသည်။ဒါဟာ ဂျောင်ဆူးဆီ ချောင်း ပေါက်မတတ်လာသောဦးကြောင့်ဖြစ်သည်။ထို့အပြင် ဂျောင်ဆူး အပေါ် ဦးရဲ့ဂရုစိုက်မှုတွေ၊နွေးထွေးမှုတွေက သူတို့ကို အထင်လွှဲသွားစေပုံပါပဲ။

MY YOUTHSWhere stories live. Discover now