Chapter(1.1)

3.2K 225 25
                                    

Zawgyi

အပိုင်း(၁)ပထမပိုင်း
(ကြွပ်ကြွပ်ရွရွကြက်စပ်ကြော်လေးရဲ့အရသာ)

Systemက သူနဲ့ပတ်သတ်ပြီး 'မကျေနပ်ချက်'အချို့ရှိနေသည်ဟု ချန်လီကုန်း သံသယဝင်နေမိသည်။

သို့ပေမဲ့ ထိုသံသယများမှာ သူ နောက်ကမ္ဘာတစ်ခုသို့ ကူးပြောင်းရောက်ရှိသွားသည့်အချိန်မှာဘဲ ရှင်းလင်းသွားတော့၏။
Systemက သူ့အပေါ်တွင်'မကျေနပ်ချက်'အချို့ အတည်ကြီးရှိနေရုံသာမက၊၎င်းတို့မှာ ပေါ့သေးသေးကိစ္စမဟုတ်ကြောင်းကိုပါ ချန်လီကုန်းနားလည်သွားလေတော့သည်။

ဟိုးအရင်ကမ္ဘာမှာတုန်းက သူ လူတွေဝိုင်းရိုက်တာခံခဲ့ရပြီး၊ ပြီးခဲ့တဲ့ကမ္ဘာမှာတော့ အပြင်းဖျားနေသည့်လူမမာဖြစ်နေခဲ့ပြန်သည်။
ဒီကမ္ဘာကျပြန်တော့ နေတော့ကောင်းပါရဲ့...ကြေကွဲစရာကောင်းသည်က သူကူးပြောင်းလာခဲ့သည့်ခန္ဓာကိုယ်ပိုင်ရှင်ဟာ အသည်းအသန် တိမ်းရှောင်ထွက်ပြေးနေရသည်တဲ့...။

ချန်လီကုန်း:”ဘဒိုရေ မင်းငါ့အပေါ် မကျေနပ်တာရှိရင်လဲ ထုတ်ပြောလိုက်ပါကွာ။ငါတို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေကြပြီလေ တစ်ယောက်ကိုတစ်ယောက်ထိခိုက်နစ်နာစေတာက မဟုတ်သေးဘူးလို့”

System: ”အိုး....ငါလည်း ဒီလိုမလုပ်ချင်ပါဘူးကွာ”

ချန်လီကုန်း:”မင်းက ဘယ်လို,မလုပ်ချင်ရတာတုန်း?”

System:”မင်းသာ ဟိုသေတ္တာ*ယူဖို့ အချိန်ဖြုန်းမနေခဲ့ရင် နောက်ကမ္ဘာကူးပြောင်းဖို့အချိန်လည်းသွေဖယ်သွားမှာမဟုတ်ဘူး”

ချန်လီကုန်း:”...... ဒါဆို ငါ့အမှားပေါ့!”

Systemက ဆိတ်ဆိတ်နေ၍ဝန်ခံ၏။

ချန်လီကုန်း:”ပြီးတော့...အရေးအကြီးဆုံးက!မင်း ဟိုသေတ္တာ*ကို မယူခဲ့ဘူးလေ!!”

သူ့စကားကိုကြားတော့ systemက ဒေါသတကြီးပြန်ပြောလေသည်။
"အဲ့ဒါကို ဘာကိစ္စဒီထိသယ်ခဲ့ရမှာလဲ?မင်း အဲ့ဒီသေတ္တာကြီးသယ်ပြီးထွက်ပြေးဖို့ ဖြစ်နိုင်ပါ့မလားကွ!?"

ချန်လီကုန်း၏လေသံက မိမိကိုယ်ကိုယုံကြည်မှုနှင့်တရားမျှတမှုတို့ပြည့်လျှမ်းလို့နေသည်။
”ငါ အဲ့ဒီသေတ္တာကိုရောင်းလိုက်ရင် ခုခရီးဆက်ဖို့ပိုက်ဆံအချို့ရနိုင်တယ်လေ”

'အယ်လ်ဖာ'မဖြစ်ချင်တဲ့ အယ်လ်ဖာ(မြန်မာ ဘာသာပြန်) Where stories live. Discover now