Chapter(3.1)

1.4K 204 32
                                    

Zawgyi

အပိုင်း(၃)ပထမပိုင်း
(ဒါ ပုံမှန်မဟုတ်ဘူး!)

လုယွင်ချီက အိပ်ယာထက်တွင် အသေကောင်လို လဲလျောင်းလို့နေသည်။သူသည် အတင်းအဓမ္မဆေးထိုးခံခဲ့ရပြီးတဲ့နောက် ရက်အနည်းငယ်ကြာတဲ့အထိ အိပ်ယာထဲမှမထနိုင်ပေ။

ဤလောကတွင် အယ်လ်ဖာတစ်ယောက်၏ အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံမှာ အမှန်တကယ် ကောင်းကင်ဘုံသို့ အံတုနေခြင်းမျိုးဖြစ်သည်။
ကျိုးသွားခဲ့တဲ့နံရိုးတွေကို တခြား မည်သည့်ပြင်ပဆေးဝါးအကူအညီမှမလိုပဲ ကြုံသလိုဖြစ်သလိုပတ်တီးစည်းထားရုံမျှဖြင့် လျှင်မြန်စွာပြန်ကောင်းလာလေသည်။

ဒါ့အပြင် ဒီအနားယူနေတဲ့ကာလအတွင်းမှာ ချင်ပုယွဲ့က သူ့ကိုလူးလှိမ့်ဖို့ မကြိုးစားလေဘူး။
အကြောင်းပြချက်ကတော့ ထိုယောက်ျားက သူနဲ့မျက်နှာချင်းဆိုင်ရမှာ အနည်းငယ်ရှက်ရွံ့နေသောကြောင့်ပါတဲ့။

ချန်လီကုန်း:”အိုက်ယား ငါ့အကြိုက်typeလေးဘဲ ချစ်ဖို့ကောင်းချက်!”

System: ”....မင်းမကြိုက်တဲ့typeရောရှိသေးလို့လား?”

ချန်လီကုန်း:”မင်းလိုtypeမျိုးမကြိုက်ဘူး”

System:”.....”ဒီလူကို ထွက်ရိုက်ချင်လိုက်တာ!

ချန်လီကုန်းက နှမြောတသဖြစ်စွာဆိုလာပြန်တယ်။
”တစ်ခုပဲ...သူစိတ်ရူးပေါက်လာရင် နည်းနည်းတော့ကြောက်ဖို့ကောင်းတယ်ကွ”

Systemလည်း သွေးအေးစွာ မေတ္တာပို့လိုက်မိတော့သည်။
'မင်းလိုကောင်မျိုးက နံရိုးတွေကျိုးသွားတာနဲ့ဘဲထိုက်တန်တယ်'

Systemရဲ့အတွေးကိုမသိရှာတဲ့ ချန်လီကုန်းကတော့ နှုတ်ခမ်းကိုလက်နဲ့အသာရိုက်လိုက်ပြီး ဆက်ပြောလေသည်။
”ဒီတစ်ယောက်က လုံးဝရိုးသားဖြူစင်တဲ့ဖိုးသခွားလေးကွ။ဟိုးအပြင်က အပေါစားတွေနဲ့ယှဉ်လိုက်ရင် မိုးနဲ့မြေဘဲ”

System:”.....”
broရေ မင်းရဲ့ဦးနှောက်တစ်ခန်းလွတ်သွားတာလား?

....
"ဗိုလ်ချုပ်ကြီးလု"

သူတို့ ချင်ပုယွဲ့အကြောင်းပြောနေချိန်မှာဘဲ ထိုယောက်ျားရဲ့အသံကိုကြားလိုက်ရလေတယ်။ချင်ပုယွဲ့က အစားအသောက်ထည့်ထားတဲ့ ဗန်းတစ်ချပ်ကိုင်ပြီး အခန်းထဲဝင်လာသည်။

'အယ်လ်ဖာ'မဖြစ်ချင်တဲ့ အယ်လ်ဖာ(မြန်မာ ဘာသာပြန်) Where stories live. Discover now