Chapter(7.2)

538 96 0
                                    

Zawgyi

Chapter 7(ဒုတိယပိုင်း)
(အကျော်ဇေယျ အသူရာ တိုက်ပွဲကွင်းပြင်)

ချင်ပုယွဲ့ သူ့အပေါ် ဘယ်လိုဆေးမျိုးသုံးခဲ့သလဲ မသိပေမဲ့၊ ဆေးဝင်သည်နှင့် သူ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်လုံး ခံစားလို့ပိုကောင်းလာတာကြောင့် ကောင်းတဲ့ဟာတစ်ခုတော့မဖြစ်နိုင်ချေ။

ချင်ပုယွဲ့က သူနဲ့ဖေးဖေး ပြောခဲ့တဲ့စကားတွေကြောင့် အလွန်ဒေါသထွက်သွားခဲ့ပြီး၊ သူ့ကိုအလွတ်မပေးတော့ဘဲ အင်တိုက်အားတိုက် တက်လုပ်ခဲ့လေသည်။

ဖော်ပြခြင်းငှါမစွမ်းသာသည့် ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခဲ့ရပြီးသည့်နောက် ချန်လီကုန်းမှာ ခုထက်ထိတောင် သူ့ကိုယ်ထဲ ဝိညာဉ်ပြန်မကပ်သေးလို ခံစားနေရလေသည်။

ထိုစဉ် ဖေးဖေးမှာတော့ အလွန်အမင်းဝမ်းနည်းနေရှာသည်။ သူမ အယ်လ်ဖာဖြစ်လာဖို့ လုယွင်ချီပေးဆပ်လိုက်ရသည့် တန်ကြေးကိုသိခဲ့ရပြီးနောက် ပြိုလဲလုနီးပါးဖြစ်သွားခဲ့၏။

သူမ,အဖို့ အိုမီဂါများမှာ အားနည်းလွန်းသည့်မျိုးစိပ်တစ်ခုသာဖြစ်သည်။ အိုမီဂါတွေက သူတို့သန်မာလာဖို့ ဘယ်လောက်ပဲလိုလားကြပါစေဦးတော့၊ သူတို့ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် အယ်လ်ဖာတွေအတွက် အလွယ်လုပ်လို့ရတဲ့ကိစ္စလေးကိုတောင် သူတို့မတတ်နိုင်ကြဘူးလေ။

ထိန်းချုပ်ဆေးတွေဘယ်လောက်သုံးသုံး estrusဝင်တဲ့ကာလရောက်ပါက သွေးသားဆန္ဒရဲ့ ကျွန်လုံးလုံးဖြစ်လာရစမြဲ။

ဂုဏ်ယူဝံ့ကြွားစွာနေရမည့် ဗိုလ်ချုပ်ကြီးလုက သည်လိုယုတ်ညံ့တဲ့အရာတွေ တွေ့ကြုံခံစားရတော့မယ်လို့ တွေးမိလေတိုင်း ချင်ပုယွဲ့ကို သူမ အမှုန့်ကြိတ်ပစ်ချင်မိ၏။
ကြိုသာသိခဲ့ရင်...သူမ အယ်လ်ဖာဖြစ်ချင်ခဲ့မှာ မဟုတ်ပေ။

ယခုမူကား, အရာအားလုံးနောက်ကျလွန်းခဲ့ပြီ။သူမလက်က ဆက်သွယ်ရေးစက်ကိုကြည့်လိုက်တော့ 10:39ဟုပြနေသည်။
ဖေးဖေး နောက်မိနှစ်နှစ်ဆယ်နေရင်ထွက်မည့် လေယာဉ်လက်မှတ်တစ်စောင်ဖြတ်လိုက်တော့သည်။
'ယွင်ချီ ကျွန်မကိုစောင့်ပါ ကျိန်းသေပေါက်ရှင့်ကိုလာခေါ်မယ်'

'အယ်လ်ဖာ'မဖြစ်ချင်တဲ့ အယ်လ်ဖာ(မြန်မာ ဘာသာပြန်) Where stories live. Discover now