Chapter(6.1)

603 96 2
                                    

Zawgyi

အပိုင်း ၆(ပထမပိုင်း)
(ငါရဲ့ချစ်စရာညီမလေးက အယ်လ်ဖာဖြစ်လာခဲ့တယ်)

အိုမီဂါတစ်ဦးအနေဖြင့် ရူအန်ဖေးဖေးသည် ငယ်စဉ်ကတည်းက သူမနှင့်ကိုက်ညီသည့် အယ်လ်ဖာတစ်ဦးကိုရှာပြီး မိသားစုတစ်ခုတည်ဆောက်ရန်နှင့် မျိုးပွားရန်သာ သင်ကြားပေးခံခဲ့ရသည်။

သို့သော် ထိုသင်ကြားမှုများက ဖေးဖေးအား 'အိုမီဂါတစ်ဦး'ဆိုတဲ့ပုံစံခွက်ထဲ ရိုက်မသွင်းနိုင်ခဲ့ပေ။ သူမသည် ကလေးမမွေးချင်ရုံသာမက၊ အိုမီဂါဖြစ်သည်ဟူသောအချက်ကိုပင် မုန်းတီးလာတော့သည်။

တခြားနယ်ပယ်တွေမှာ အယ်လ်ဖာတွေထက် ပိုကောင်းအောင် သူမ လုပ်နိုင်တယ်ဆိုတာ ထင်ရှားပါလျှက်နဲ့ ဘာကြောင့် လက်ထပ်ပြီး ကလေးယူဖို့ဆိုတဲ့ ကံကြမ္မာဆိုးကနေ မလွတ်မြောက်နိုင်ရတာလဲ။

ထိုအတွေးက ဖေးဖေးအား အခြားအိုမီဂါတွေ လုံးဝစိတ်ကူးမထားသည့် အရာများကိုလုပ်ဆောင်ရန် တွန်းအားဖြစ်စေခဲ့သည်။သူမသည် ဘီတာအဖြစ် ဟန်ဆောင်ရန် တားဆေးများကို အသုံးပြုကာ စစ်တပ်ထဲသို့ ရောနှောဝင်ရောက်ခဲ့သည့်အပြင် ရှေ့တန်းမှာတောင် တာဝန်ထမ်းဆောင်လိုက်သေးသည်။
သူမရဲ့ ဆေးဘက်ဆိုင်ရာ အရည်အချင်းများက သူမ အလုပ်ပေါ် များစွာအကျိုးဖြစ်ထွန်းစေခဲ့တဲ့အပြင် ပတ်ဝန်းကျင်၏အားပေးထောက်ခံမှုများကြောင့် ဖေးဖေးမှာ သူမကိုယ်သူမ ဘီတာဟုပင်ယုံကြည်လာတော့သည်။

သို့ပေမဲ့လည်း သူမရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံက သူမ၏ အတွေးတို့ကို လှောင်ပြောင်လိုက်သလိုပင်။
သူမရဲ့heatကာလ ရောက်လာတဲ့အခါမှာတော့ ထိုတားဆေးများက အာနိသင်မရှိတော့ဘဲ၊ လူတစ်ကိုယ်လုံး အရုပ်ကြိုးပြတ်ဖြစ်သွားတော့သည်။

ကံကောင်းစွာနဲ့ပဲ သူမ စစ်တပ်ထဲကနေ စောစောစီးစီးထွက်လာနိုင်ခဲ့ပြီး၊အိမ်ကို ပြန်နိုင်ဖို့ကြိုးစားရတော့သည်။

သို့ပေမဲ့ သူမရဲ့ အိုမီဂါ ဖယ်ရိုမုန်းများသည် အနီးဝန်းကျင်မှ အယ်လ်ဖာများကို အတောမသတ်နိုင်အောင် ဆွဲဆောင်နေခဲ့၏။
အားကောင်းလှသည့် ဖယ်ရိုမုန်းနံ့များက အခြားအယ်လ်ဖာများကို ဆင်ခြင်တုံတရားကင်းမဲ့သွားစေသည်။ဖေးဖေးမှာ သူမကိုယ်ပေါ်သို့ကျရာက်လာသည့် စိမ်းစိမ်းဝါးဝါးအကြည့်များကိုပင် ခံစားနေရပြီဖြစ်သည်။

'အယ်လ်ဖာ'မဖြစ်ချင်တဲ့ အယ်လ်ဖာ(မြန်မာ ဘာသာပြန်) Where stories live. Discover now